1. Home
  2. Special or Others

ဝေဖန်မှုတွေများနေတဲ့ ဘုန်းကြီးတစ်ပါး ကိုရင်လေးကို ရိုက်နှက်ဆုံးမမှု ဗီဒီယို

Special or Others ต.ค. 31, 2559 view 1,711
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးက စာချသင်တန်းမှာ စည်းကမ်းမလိုက်နာတဲ့ စာသင်သား ကိုရင်တစ်ပါးကို ကြိမ်လုံးနဲ့ ရိုက်နှင်ဆုံးမနေတဲ့ ဗီဒီယိုဟာ အွန်လိုင်းမှာ ပြစ်တင်ဝေဖန်မှုများနဲ့ ပျံ့နှံ့လျှက်ရှိပါတယ်။
 
စက်ဆုတ်ဖွယ်ကောင်းတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းက အပြစ်ပေးခြင်းလို့ ရေးသားဝေဖန်နေကြတဲ့ အဆိုပါဗီဒီယိုထဲမှာ အသက် ၁၂ နှစ်ဝန်းကျင် ကိုရင်လေးတစ်ပါးကို ဘုန်းကြီးတစ်ပါးက ကြိမ်လုံးနဲ့ အားရပါးရ လွှဲရိုက်နေတာကို ရိုက်ကူးခဲ့တာပါ။ ကိုရင်လေးခမျာ နားလွန်းလို့ မရိုက်ဖို့ တောင်းပန်ပေးမယ့် အနည်းဆုံး ၁၀ ချက်လောက် ရိုက်နှက်ရုံမျှမက အသံမထွက်အောင် ခန္ဓာကိုယ်ပေါ်ကိုပါ တက်နင်းထားတာ မြင်တွေ့ကြရပါလိမ့်မယ်။ ကိုရင်လေးရဲ့ ခန္ဓာကိုယ်ပေါ်မှာ မြင်မကောင်းတဲ့ အရှိုးရာတွေကို တွေ့ရပါတယ်။
 
ဘုန်းကြီးကျောင်းရဲ့ အပြင်အဆင်ဟာ မြန်မာပြည်က ဘုန်းကြီးကျောင်းတွေနဲ့ ခပ်ဆင်ဆင်တူသော်ငြားလည်း ကိုရင်လေး အော်ဟစ်တောင်းပန်သံကို နားထောင်ကြည့်တဲ့အခါ မြန်မာစကားမဟုတ်သော အခြားဘာသာစကားတစ်ခု ဖြစ်နေပါတယ်။ 
ဗုဒ္ဓဘာသာဘုန်းတော်ကြီးများအပေါ် အမြင်တစ်မျိုးဖြစ်စေနိုင်တဲ့ အဆိုပါအကျည်းတန်လှတဲ့ ဗီဒီယိုကို ကမ္ဘာတစ်ဝှမ်းလုံး အကြိမ်ရေ ၃ ဒသမ ၅ သန်းကျော်လောက် ကြည့်ရှုခဲ့ကြပြီးဖြစ်ပါတယ်။
 

 



Follow us on