1. Home
  2. Myanmar News

ယာဉ်ထိုင်ခုံခါးပတ်မပတ်သူများအာ နိုဝင်ဘာ ၁ ရက်မှ စတင်အရေးယူပြီ

Myanmar News พ.ย. 01, 2559 view 1,618
နိုဝင်ဘာလ ၁ ရက်နေ့ ယနေ့မှစတင်ကာ ထိုင်ခုံခါးပတ် မပတ်သော ယာဉ်မောင်း၊ လိုက်ပါစီးနင်းသူများကို ဒဏ်ငွေ သုံးသောင်းကျပ်မှ သုံးသိန်းကျပ်အထိ တရားရုံးတွင် ဒဏ်ရိုက်အရေးယူတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
၇-၉-၂၀၁၅ ရက်နေ့တွင် ပြဌာန်းခဲ့သော မော်တော်ယာဉ်ဥပဒေပုဒ်မ ၅၄အပိုဒ်ခွဲ(င)အရသတ်မှတ်ထားသည့် မော်တော်ယာဉ်ကိုမောင်းနှင်စဉ်ယာဉ်မောင်းနှင့် လိုက်ပါစီးနင်းသူများသည် အသက်ကယ်ထိုင်ခုံခါးပတ်ကို တပ်ဆင်မှုပြုရမည်ဖြစ်ပါသည်။ ပုဒ်မ ၅၄(င)ပါပြဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည်ဟု မော်တော်ယာဉ်ဥပဒေပုဒ်မ ၆၂ တွင် ဖော်ပြထားရှိပါသည်။
 
ယင်းကဲ့သို့ အရေးယူဆောင်ရွက်ရာတွင် ကိုယ်ပိုင်ယာဉ်၊ အငှားယာဉ်၊ ခရီးသည်တင်လိုင်းကား၊ အဝေးပြေးယာဉ်များနှင့် မော်တော်ယာဉ်များအားလုံး အကျုံးဝင်ကြောင်း သိရှိရသည်။ ထိုင်ခုံခါးပတ်များသည် ယာဉ်မတော်တဆဖြစ်ပွားစဉ် အသက်ကို ကယ်တင်နိုင်သဖြင့် နိုင်ငံတကာတွင်လည်း ထိုင်ခုံခါးပတ်ပတ်ရေးကို အလေးထားဆောင်ရွက်လျှက်ရှိသည်။ ထိုင်ခုံခါးပတ် ပတ်ခြင်းသည် ယာဉ်အန္တရာယ်ဖြစ်ပွားစဉ် လူကိုထိခိုက်မှု အန္တရာယ်အနည်းဆုံးဖြစ်ကြောင်း နိုင်ငံတကာပညာရှင်များ၏ လေ့လာတွေ့ရှိချက်တွင် ဖော်ပြထားသည်။
 
ဝ၁၅ ခုနှစ်တွင် ယာဉ်မတော်တဆမှု ၁၅၄ဝ၆ မှု ဖြစ်ပွားခဲ့ပြီး တစ်နေ့လျှင် ပျမ်းမျှယာဉ်မတော်တဆမှု ၄၂ ဒသမ ၂၁ မှု၊ ဒဏ်ရာရရှိသူ ၇ဝ ဒသမ ၁၈ ဦး၊ သေဆုံးသူ ၁၁ ဒသမ ၆ဝ ဦး ရှိခဲ့သည်။ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ယာဉ်မတော်တဆမှု ၈၅၉၁ မှုဖြစ်ပွားခဲ့ပြီး တစ်ရက်ပျမ်းမျှ ယာဉ် မတော်တဆမှု ၄၇ ဒသမ ၂ဝ မှု၊ ဒဏ်ရာရရှိမှု ၇၈ ဒသမ ၆၇ ဦး၊ သေဆုံးသူ ၁၃ ဒသမ ၉ ဦး ရှိခဲ့ကြောင်း သိရသည်။ 
 
ထိုကဲ့သို့ မလိုလားအပ်ဘဲ အသက်ပေါင်းများစွာ ဆုံးရှုံးနေရခြင်းသည် ထိုင်ခုံခါးပတ် မပတ်ခြင်းသည် အဓိကပြဿနာဖြစ်နေကြောင်း တွေ့ရှရသဖြင့် အဆိုပါဥပဒေကို လိုက်နာမှုရှိစေရန် ထိထိရောက်ရောက် စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 


Follow us on