1. Home
  2. Special or Others

Laurel Art Academy မှ အခမဲ့ ဖွင့်လှစ်မယ့် သရုပ်ဆောင်သင်တန်း

Special or Others พ.ย. 01, 2559 view 1,990

Laurel Art Academy ရုပ်ရှင်အနုပညာသင်တန်းကျောင်းမှ "ပညာဒါနရုပ်ရှင်သရုပ်ဆောင်သင်တန်း" အပတ်စဉ်(၄)ကို ဒီဇင်ဘာလထဲမှာ အခမဲ့ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ ရုပ်ရှင်သရုပ်ဆောင် သင်တန်းအပတ်စဉ်(၄)ကို တက်ရောက်လိုသူများအနေနဲ့ သင်တန်းလျှောက်လွှာများကို ခြံအမှတ်-၁/၅(စီ) ပုလဲဥယျာဉ်အိမ်ရာ၊ ဆရာစံရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ပုလဲကွန်ဒိုဝင်း ရှိ Laurel Art Academy အနုပညာ သင်တန်း ကျောင်းတွင် အခမဲ့ရယူနိုင်တယ်လို့ သိရပါတယ်။ သင်တန်းတက်ရောက်ဖို့အတွက် လျှောက်လွှာများကို နိုဝင်ဘာ(၂၀)ရက်မတိုင်မီ Laurel Art Academy သင်တန်း ကျောင်းသို့ ပြန်လည်ပေးပို့ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Credit:Duwun



Follow us on