1. Home
  2. Movie Stars - Celebrity

ကလေးတွေကို ကျွမ်းဘားသင်ပေးနေတဲ့ ထားထက်ထက်

Movie Stars - Celebrity พ.ย. 01, 2559 view 1,568

အလှမယ်တစ်ဦးလဲ ဖြစ်သလိုသရုပ်ဆောင်လောကကိုလည်း ဝင်ရောက်လာတဲ့ ထားထက်ထက် ဟာ ဇာတ်ကားသစ် အတွက် ဇာတ်ရုပ်ကို ကိုယ်တိုင်လေ့လာတက်တဲ့ သူတစ်ယောက်လဲ ဖြစ်ပါတယ်။ လောလောဆယ် အယူတော် မင်္ဂလာ ဇာတ်ကားမှာ ဗေဒင်ဆရာမ အခန်းရိုက်ကူးရမှာ ဖြစ်တဲ့အတွက် ဗေဒင်ဆရာမတွေရဲ့ အပြု အမူပုံစံအပြောအဆိုကအစ သေချာလေ့လာနေပါတယ်။

အလှမယ်၊ အားကစား သမားကျွမ်းဘားမယ်၊ သရုပ်ဆောင် အလုပ်တွေကို လုပ်ကိုင်နေတဲ့ ထားထက်ထက်လေးဟာ သုံးခုလုံးကို လုပ်ရတာ စိတ်ဝင်စားပြီး ရင်ခုန်ပါတယ်လို့ ပြောထား ပါတယ် ။ သရုပ်ဆောင်ဆိုရင်လည်းရှုတင်မှာ ဘယ်လောက် ပင်ပန်းပင်ပန်းပျော်နေတာပဲ။ ကျွမ်းဘားဆိုရင်လည်း ကလေးတွေကို ပြန်သင်ပေး နေရတဲ့အတွက် ပျော်ရွှင် ရတယ်။ ပရဟိတလုပ်ငန်းတွေ မှာ ဆိုရင်လည်း အကူအညီလိုတဲ့သူ တွေကို အကူအညီပေးရ တဲ့အတွက် ပျော်ရွှင်ရတယ်။ Miss တစ်ယောက် အနေနဲ့ဖြစ်လာတဲ့အတွက် စံပြအနေနဲ့ဖြစ်အောင် တော့ ညီမအမြဲထိန်း သိမ်းနေထိုင်ပါတယ်” လို့ ထားထက်ထက်က ပြော ပါတယ်။

ထားထက်ထက်က လတ်တလောမှာတော့ ဇာတ်ကားရိုက်ကူးမှုတွေ လက်ခံထားပြီးကျိုက္ကဆံရှိကျွမ်းဘားအားကစားရုံမှာလည်း ကလေးများအတွက် ကျွမ်းဘားသင်တန်းသင် ပေးနေတယ်လို့လည်းသိရပါတယ်။ ” စနေ၊ တနင်္ဂနွေတိုင်းကို ကျွမ်းဘားရုံမှာသင်တန်းပြဖြစ်တယ်။ ၃ နှစ်အထက်ကနေ ဆယ်ကျော် သက်အရွယ်ထိကို အတန်းလိုက်ခွဲပြီးသင်ပေးပါတယ်။ အဖွဲ့ချုပ်က ပဲစီစဉ်တာပါ” လို့  ပြောထားပါတယ် ။

Credit:popular 



Follow us on