1. Home
  2. Myanmar News

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များအား အောက်ခြေလွတ် ဘဝင်မမြင့်ကြဖို့ ဦးဝင်းထိန် သတိပေး

Myanmar News พ.ย. 02, 2559 view 1,548
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ အနေနဲ့ အောက်ခြေလွတ် ဘဝင်မြင့် နေမယ် ဆိုရင် ပြည်သူတွေ ဒဏ်ခတ်တာ ခံရမယ်လို့ ရန်ကုန်တိုင်း ပါတီဝင်များနဲ့ တွေ့ဆုံပွဲမှာ ပါတီကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေကို ပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က သတိပေးလိုက်ပါတယ်။
 
ရန်ကုန်မြို့ တာမွေ မြိုနယ်မှာ ရှိတဲ့ Sky Star Hotel မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရန်ကုန်တိုင်း ဒေသကြီးတိုင်း၊ ခရိုင်၊ မြို့နယ် ပါတီဝင်တွေ ၆ ကြိမ်မြောက် တွေ့ဆုံပွဲမှာ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က သတိပေးလိုက်တာ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ ခြေလှမ်းမှာ အညှောင့်လေးပေါက်ပြီလို့ နမူနာ ပေးချင်ပါတယ်၊ အဲ အညှောင့်ပေါက်ကို နောက်လေးနှစ်ခွဲအတွင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ဝင်တွေ အထူးသဖြင့် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ကြိုးစားပြီး ဆောင်ရွက်ခြင်းအားဖြင့် အဲဒီ ဒီမိုကရေစီ အညှောင့်လေးက အပင်ဖြစ် လာမယ်၊ ဒီ ၅ နှစ်နဲ့ ကျနော်တို့ အောင်မြင်မယ်လို့ မယုံကြည်သေးဘူး၊ ပြည်သူလူထုအကျိုး ဖန်တီးခြင်းအားဖြင့် ကျနော်တို့ကို ပြည်သူလူထုက ဆက်လက် ထောက်ခံရင် ၂၀၂၀ ရွေးကောက်ပွဲမှာ ဆက်လက် တာဝန်ယူရမယ်၊ အဲလိုမှ မဟုတ်ဘဲ အောက်ခြေ လွတ်နေမယ် ဘဝမြင့် နေမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ပြောသလို ပြည်သူလူထု ဒဏ်ခတ်တာ ခံရလိမ့်မယ်လို့ ကြုံတုန်း သတိပေးချင်တယ်
လို့ ပြောကြားခဲ့ပါတယ်။
 
အဆိုပါ တွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ အတွင်းရေးမှူးအဖွဲ့ဝင်များဖြစ်ကြသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်နဲ့ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ခရိုင်မြို့နယ် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
တက်ရောက်လာကြသော တိုင်း၊ ခရိုင်၊ မြို့နယ် ကိုယ်စားလှယ်များက မြို့နယ်အသီးသီးမှာ ဖြစ်ပေါ် နေတဲ့ အရေးကိစ္စများနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ တင်သွင်း ဆွေးနွေး ကြတာဖြစ်ပါတယ်။
 
Credit:RFA


Follow us on