1. Home
  2. Special or Others

နယ်သာလန် ကာတွန်းရုပ်ရှင်ပွဲတော်မှာ ဆုထပ်ရတဲ့ ဉာဏ်ကျယ်စေ

Special or Others พ.ย. 02, 2559 view 1,728

နိုင်ငံတကာ ရုပ်ရှင်ပွဲ တော်များတွင် ဆုများရရှိထား သည့် ဒါရိုက်တာ ဉာဏ်ကျယ်စေ ရိုက်ကူးသော ‘ကျွန်မ မလိုချင်တဲ့ ကျွန်မဘဝ’ကာတွန်းရုပ်ရှင်သည် နယ်သာလန်နိုင်ငံတွင် ပြုလုပ်ခဲ့ သော ကာတွန်းရုပ်ရှင်ပွဲတော်၌ Best Animated Short from an Emerging Nation ကဏ္ဍအ တွက် ဆုရရှိခဲ့ပါတယ်။ 

KLIK! Amsterdam Animation Festival 2016 ရုပ် ရှင်ပွဲတော်ဟာ နယ်သာလန် နိုင်ငံ၏ အကြီးဆုံးရုပ်ရှင်ပွဲတော် တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင်ရှိ သည့် နာမည်ကြီး ကာတွန်းရုပ်ရှင် ပွဲတော်များအနက် ပွဲတော်တစ်ခု ဖြစ်ပါတယ် ။  ပြိုင်ပွဲ ကိုနိုင်ငံပေါင်း ၈၀ ကျော်မှ ကာတွန်းဇာတ်ကား ပေါင်း ၁,၈၀၀ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်ပြီး ဆန်ခါတင်ဇာတ် ကား ၁၈၀ ရွေးချယ်၍ ကဏ္ဍအ လိုက် ဆု ၁၃ ဆု ပေးအပ်ခဲ့ပါတယ်။  

မြန်မာနိုင်ငံမှ ဆုရရှိ သည့် ‘ကျွန်မ မလိုချင်တဲ့ ကျွန်မ ဘဝ’ကာတွန်းရုပ်ရှင်ကို လာ ရောက်ကြည့်ရှုသည့် ပရိသတ် များ၏ အားပေးချီးကျူးမှုများရရှိ ခဲ့ကြောင်း ယင်းရုပ်ရှင်ပွဲတော်သို့ တက်ရောက်နေသည့် ဉာဏ် ကျယ်စေက ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် အောက်တိုဘာ ၃၀ ရက်ညက ရေးသားထား သည်။

‘‘ကျွန်တော် ဒီပွဲတက်ဖို့အ တွက် ၂၀၁၆ အောက်တိုဘာ ၂၅ ရက်မှာ မြန်မာနိုင်ငံက ထွက်ခွာခဲ့ ပေမယ့် အခုလို ဆုရဖို့တော့ မမျှော်လင့်ခဲ့ပါဘူး။ အဲဒီမှာ Animation တွေ လေ့လာဖို့၊ နိုင်ငံတကာက Animator တွေ၊ Director တွေ၊ Producer တွေနဲ့ တွေ့ဆုံမိတ်ဖွဲ့ဖို့နဲ့ ကျွန်တော် တည်းတဲ့အိမ်က အတူနေဖက် အိမ်ရှင်ဖြစ်သူ နယ်သာလန်နိုင်ငံ သား Animator တစ်ယောက်ဆီက ပညာတွေမျှဝေဖို့ပဲ ရည်ရွယ်ပြီး သွားခဲ့တာပါ။ အခုတော့ မမျှော် လင့်ဘဲ ဆုလေးပါရလာတော့ အိမ်အပြန်လှတာပေါ့နော်’’ဟု ဉာစ်ကျယ်စေ၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ရေးသားထားသည်။

‘ကျွန်မ မလိုချင်တဲ့ ကျွန်မ ဘဝ’ကာတွန်းရုပ်ရှင်သည် ယခု နှစ်ပြုလုပ်ခဲ့သည့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင် ပွဲတော်တွင် မတ်လ ၁၃ ရက်က ဆုရရှိခဲ့ပြီး ဗြိတိန်၊ စပိန်၊ အီတလီ၊အိုင်ယာလန်၊ ရိုမေးနီးယား အိန္ဒိယစသည့်နိုင်ငံများတွင် ပြုလုပ်သည့် ရုပ်ရှင်ပွဲတော်များတွင်လည်း ဆုများရရှိထားသည်။ ‘ကျွန်မ မလိုချင်တဲ့ ကျွန်မဘဝ’ ဇာတ်ကားသည် မြန်မာနိုင်ငံမှ အမျိုးသမီးများ၏ တန်းတူအခွင့် အရေး ဆုံးရှုံးနေမှုများကို ပုံဖော်ထားသည့် Animation ဇာတ် ကားလဲ ဖြစ်ပါတယ် ။

Credit:7daydaily 



Follow us on