1. Home
  2. Special or Others

ဖခင်လိုနေတဲ့ သွေးအတွက် နှစ်လအတွင်း ကိုယ်အလေးချိန် တက်လာအောင် ကြိုးစားခဲ့တဲ့ (၈)နှစ်အရွယ် ကလေး

Special or Others พ.ย. 02, 2559 view 1,687
တရုပ်နိုင်ငံ ဂျောင်းဆူပြည်နယ်က အမျိုးသားတစ်ဦးဟာ သွေးကင်ဆာရောဂါဝေဒနာ ခံစားနေရပြီး ဆရာဝန်တွေက ၆ လပဲခံတော့မယ်ဟု ကြေညာထားခဲ့ပါတယ်။ သို့သော် ၈ နှစ်အရွယ် သူ့သားလေးရဲ့ ရိုးတွင်းခြင်ဆီ လှူဒါန်းမှုနဲ့ သူဟာ အသက်ဆက်ရှင်နိုင်ခဲ့ပါတယ်။
 
ခြင်ဆီလှူဒါန်းမယ့် သူတွေဟာ အနည်းဆုံး ကိုယ်အလေးချိန် ၄၅ ကီလိုဂရမ် ပြည့်မီဖို့လိုတာကြောင့် ဖခင်ရဲ့ အသက်ကို ကယ်လိုတဲ့ ကလေးငယ် ကိုယင်ပန်းက လိုနေသေးတဲ့ ကိုယ်အလေးချိန် ၁၀ ကီလိုပြည်မီအောင် နှစ်လအတွင်းကြိုးစားခဲ့ပါတယ်။ တရုပ်နိုင်ငံရဲ့ ခြင်ဆီလှူဒါန်းသူတွေ လိုက်နာရမယ့် စည်းမျည်းမှာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်ပြည့်မိသူတွေသာ လှူဒါန်းခွင့်ရှိပါတယ်။ ချွင်းချက်အနေနဲ့ ရံဖန်ရံခါ မိသားစုဝင်တွေဖြစ်ခဲ့ပါက အသက်ငယ်သူတွေကိုလည်း လှူဒါန်းခွင့်ပြုထားပါတယ် သို့သော် သတ်မှတ်ကိုယ်အလေးချိန်တော့ ပြည့်မီဖို့ လိုပါလိမ့်မယ်။
 
 
ကိုယင်ပန်းရဲ့ ဖခင်ဖြစ်သူဟာ ယခုနှစ် ဇန်နဝါရီလအစထဲက ရောဂါကုသမှုကို ခံယူနေပေမယ့် သူ့အတွက် သင့်လျော်တဲ့ ခြင်ဆီအမျိုးအစားကို လှူဒါန်းကြသူတွေထဲမှာ ရှာမတွေ့ဖြစ်နေခဲ့သူပါ။ ကိုယင်ပန်းက သူ့အဖေက သူ့ကို မွေးဖွားပေးခဲ့သလို သူကလည်း သူ့အဖေရဲ့ အသက်ကို ကယ်တင်ချင်ပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မိသားစုတွေရဲ့ အကူအညီနဲ့ လိုအပ်တဲ့ သွေးပမာဏပြည့်မီအောင် လှူဒါန်းနိုင်ဖို့ ကိုယ်အလေးချိန် ၄၅ ကီလိုပြည့်အောင် အစီစဉ်တွေချပြီး ကြိုးစားခဲ့တာပါ။
 
ကိုယင်ပန်းရဲ့ ဖခင်ဟာ အခုဆိုရင် ခွဲစိတ်မှုအောင်မြင်ပြီး ပြန်လည်ကျန်းမာစ ပြုလာပါပြီ၊ ကိုယင်ပန်းက သူ့အဖေကို ကောင်းကောင်းပြုစုနိုင်ဖို့ ချက်နည်းပြုတ်နည်းတွေကိုလည်း သင်ထားပါသေးတယ်။
 


Follow us on