1. Home
  2. Myanmar News

ရန်ကုန်မြို့လည်တိုက်ခန်းတွင်း စိတ်ဝေဒနာရှင်တစ်ဦးထဲရှိနေခိုက် မီးလောင်ကျွမ်းမှုဖြစ်ပွား

Myanmar News พ.ย. 03, 2559 view 1,507
ရန်ကုန်တိုင်း ဗိုလ်တစ်ထောင်မြို့နယ် ၅၂ လမ်း(အောက်) အိမ်အမှတ် 45/B တွင် နိုဝင်ဘာလ ၂ ရက်နေ့ ညပိုင်းက မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
 
အဆိုပါနေအိမ်တိုက်ခန်းတွင် မောင်နှမနှစ်ဦး နေထိုင်ကြပြီး အစ်မဖြစ်သူမှာ စိတ်ဝေဒနာရှင်တစ်ဦးဖြစ်ကြောင်း သိရသည်။ မောင်ဖြစ်သူ အပြင်သွားတဲ့အခိုက်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်ဖြစ်သည်။ ထို့နေ့ညနေ ၅ နာရီအချိန်ခန့်ကထဲက လျှပ်စစ်မီးပျက်တောက်ခဲ့သဖြင့် မီးလောင်ကျွမ်းရသည့် အကြောင်းရင်းကိုမူ စုံစမ်းနေဆဲဖြစ်သည်ဟု ဗိုလ်တစ်ထောင်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ကိုကိုဦးက ပြောသည်။
 
 
မီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ် ၁၇ စီးနှင့် မီးသတ်တပ်ဖွဲ့အင်အား ၅၀ ခန့်ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြရသည်။ မီးလောင်ကျွမ်းခဲ့သည့်အတွက် ကျပ် ၁၅ သိန်းခန့် ဆုံးရှုံးခဲ့သော်လည်း ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦး မီးခိုးမွှန်ခဲ့သည်မှအပ ထိခိုက်ဒဏ်ရသူမရှိကြောင်း သိရှိရပြီး အိမ်ရှင်ဖြစ်သူ စိတ်ဝေဒနာရှင်၏ မောင်အား အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျှက်ရှိကြောင်း မြစ်မခမီဒီယာမှ သတင်းရရှိသည်။
 


Follow us on