1. Home
  2. Special or Others

ဒေါ်လာ ခြောက်သိန်းခွဲ တန် မင်္ဂလာဝတ်စုံ နဲ့ မင်္ဂလာဆောင်ခဲ့သည့် သူဌေးသမီး

Special or Others พ.ย. 03, 2559 view 1,641

ရုရှား ရေနံလုပ်ငန်းရှင် ဘီလျံနာသူဌေးကြီးတစ်ဦးရဲ့ သမီးဖြစ်သူဟာ မင်္ဂလာဆောင်မှာ ဒေါ်လာ ခြောက်သိန်းခွဲတန် သတို့သမီးဝတ်စုံကို ဝတ်ဆင်ခဲ့ကြောင်း သိရပါတယ်။ရုရှားနိုင်ငံ ထိပ်တန်းသူဌေး tycoon Ilkhom Shokirova သမီးဖြစ်သူ Madina Shokirova ဟာ Sador လို့အမည်ရတဲ့ အမျိုးသားတစ်ဦးနဲ့ မင်္ဂလာပွဲ ဆင်နွှဲခဲ့တာဖြစ်ပါတယ်။

သတို့သား ဖြစ်သူဟာ Sador ဆိုတဲ့ အမည်ကလွဲလို့ ဘာအလုပ်လုပ်လည်းဆိုတာ မသိရဘူးလို့ ဆိုပါတယ်။မြန်မာငွေကျပ် သိန်း ၇၅၀၀ ခန့် တန်ဖိုးရှိပြီး ဗြိတိန်ဒီဇိုင်နာကုမ္ပဏီတစ်ခုက လက်ခံချုပ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။မင်္ဂလာသတို့သမီးဝတ်စုံထဲမှာ ကျောက်မျက်ရတနာများစွာ မြှုပ်နှံချုပ်လုပ်ထားကြောင်း သိရပါတယ်။

မင်္ဂလာဆောင်ကို မော်စကိုမြို့က ရေဒီဆန်တော်ဝင်ပန်းခြံဟိုတယ်အတွင်းမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ပရိသတ် ၉၀၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။အဲဒီမင်္ဂလာပွဲမှာ ဇနီးမောင်နှံနှစ်ဦး ခွဲခဲ့တဲ့ မင်္ဂလာကိတ်ကလည်း ဆယ်ပေရှည်လျားတယ်လို့ သိရပါတယ်။

Credit:Duwun



Follow us on