1. Home
  2. Special or Others

ဝက်ဝံညိုကြီးတစ်ကောင် လက်ဆက်ပေးခဲ့တဲ့ ရုရှနိုင်ငံက ထူးဆန်းတဲ့မင်္ဂလာပွဲ

Special or Others พ.ย. 03, 2559 view 1,579

ရုရှနိုင်ငံ၊ မော်စကိုမှာ ကျင်းပခဲ့တဲ့ Denis နဲ့ Nelya တို့ရဲ့ မင်္ဂလာပွဲမှာ အထူးဧည့်သည်တော်ကတော့ ၀က်ဝံညိုကြီး ဖြစ်ပါတယ်။ အဲဒီ ၀က်ဝံညိုကြီးဟာ အရပ် ဆယ်ပေအထိ အမြင့်ရှိပြီး နာမည်ကတော့ Stepan ဖြစ်ပါတယ်။ သတို့သားနဲ့ သတို့သမီး နှစ်ယောက်စလုံးဟာ အသက် 30 ဖြစ်ကြပြီး ၀က်ဝံညိုကြီး Stepan ကို မင်္ဂလာပွဲအတွက် တကူးတက ဖိတ်ကြားခဲ့ရတယ်လို့ သိရပါတယ်။

Denis နဲ့ Nelya တို့စုံတွဲဟာ သူတို့ရဲ့ မင်္ဂလာပွဲမှာ လိမ္မာပါးနပ်ပြီး၊ ဉာဏ်ကောင်းတဲ့ Stepan ကို ဖိတ်ခေါ်ပြီး ဆင်နွှဲမယ်လို့ တိုင်ပင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ၀က်ဝံညိုကြီးနဲ့ နှစ်ယောက်သား ရင်းနီးမှုတော့ မရှိခဲ့သေးပါဘူး။ သတို့သား Denis က “Stepan ဟာ ကြင်နာတတ်တဲ့ ၀က်ဝံဆိုတာ ကျွန်တော်တို့ နှစ်ယောက်စလုံး သိပါတယ် … ဒါပေ မယ့် နည်းနည်းတော့ကြောက်မိပါတယ် … အခုလို မင်္ဂလာပွဲဆင်နွဲရတာဟာ အိပ်မက်တွေ တကယ်ဖြစ်လာတာပါဘဲ “လို့ ဖွင့်ဟခဲ့ပါတယ်။ သတို့သားက ထပ်လောင်းပြီး ” ဒီလို တကယ့် ဧရာမ၀က်ဝံကြီးနဲ့ ဖက်ပြီး ဓာတ်ပုံရိုက်ရတာဟာ ဘာခံစားမှုနဲ့မှ မတူပါဘူး … တကယ့်ကို အမှတ်တရ ဖြစ်စေမယ့် အရာပါဘဲ … “လို့ ပြောပါတယ်။

ဒီမင်္ဂလာပွဲကို ဓာတ်ပုံရိုက်ကူးပေးသူက တော့ ရုရှရဲ့ နာမည်ကျော် ဓာတ်ပုံဆရာ Olga Barantseva ဖြစ်ပါတယ်။

Credit:Shwemom



Follow us on