1. Home
  2. Movie Stars - Celebrity

တစ်ကိုယ်တော်စီးရီး ထက်ထွက်မယ့် ရဲလေး

Movie Stars - Celebrity พ.ย. 03, 2559 view 1,643

ရဲလေးရဲ့ (၈)ခွေမြောက် တစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ "အောင်မြင်မှုခရီးစဉ်" တေးစီးရီးကို အောက်တိုဘာ(၁၃)ရက်နေ့မှာ ထွက်မယ်လို့ သိရပါတယ်။ တစ်နှစ်ခွဲလောက်ပြင်ဆင်ထားပြီး ထွက်ရှိလာတဲ့ အဲဒီအခွေကို ပရိသတ်တွေ စောင့်ရကျိုးနပ်အောင် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

အဲဒီအခွေထဲတွင် သီချင်းအေးအေးလေးများ၊ ကလို့ကောင်းတဲ့ သီချင်းများနဲ့ ခရီးထွက်လို့ ကောင်းမယ့် သီချင်းလေး တွေ ပါဝင်မယ်လို့ ရဲလေးက ဆိုပါတယ်။ အခွေခေါင်းစဉ်ရဲ့"အောင်မြင်မှု ခရီးစဉ်"ဆိုတဲ့အတိုင်း အောင်မြင်တဲ့ သီချင်း တွေ ပါဝင်မှာ ဖြစ်ပြီး ရဲလေးရဲ့ အောင်မြင်ခဲ့တဲ့ ကာလအတွက်ရော ရှေ့လျှောက်ရမယ့် အနုပညာခရီးအတွက်ပါ အောင်မြင် မှုတွေနဲ့ အတိတ်နိမိတ်ဆောင်နိုင်အောင် "အောင်မြင်မှု ခရီးစဉ်" လို့ ပေးထားတာလို့ ရဲလေးက ပြောပါတယ်။

အခွေထဲတွင် သီချင်းအားလုံးကို ရဲလေးကိုယ်တိုင်ရေးသားထားပြီး အတွဲအနေနဲ့ ပါဝင်သီဆိုထားတဲ့ အဆိုရှင်များမှာ ဂျိုကာ၊ ရီယို၊ နင်ဇီမေ၊ ဆိုဖီယာ၊ ခိုင်သဇင်သင်း စတဲ့ အဆိုရှင်တွေ ပါဝင်တယ်လို့ သိရပါတယ်။

"အောင်မြင်မှုခရီးစဉ်" အခွေရဲ့ ပရိုမိုးရှင်းကို နိုဝင်ဘာ(၁၃)ရက်နေ့ အခွေထွက်ရှိတဲ့နေ့တွင် နေ့လယ် (၂)နာရီ လှည်းတန်းစင်တာမှာ ပြုလုပ်မှာ ဖြစ်ပြီး နိုဝင်ဘာ(၁၄)ရက်နေ့ ညနေ(၄)နာရီတွင် မန္တလေးမြို့ Mingalar Mandalay Outdoor area ၊ နိုဝင်ဘာ ၂၀ရက် ညနေ ၃ နာရီ မုံရွာမြို့ရှိ Ocean Monywar နှင့် နိုဝင်ဘာလ ၂၆ ရက် ညနေ ၃နာရီတွင် မော်လမြိုင်မြို့ရှိ Ocen Mawlamyaing တွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။

Credit:Duwun 



Follow us on