1. Home
  2. Special or Others

ကားတွေကြားထဲက ကယ်သူမယ့် သုံးဘီးစက်ဘီးလေးနဲ့ ကလေးငယ်

Special or Others พ.ย. 03, 2559 view 1,606
ကမ္ဘာကြီးမှာ တဟုန်ထိုး တိုးတက်လာနေတာက နည်းပညာ၊ နည်းပညာနဲ့ လူတွေရဲ့ ဘဝနေထိုင်ပုံတွေ ပိုပြီးလွယ်ကူအောင် ကြိုးစားကြတယ်၊ နည်းပညာအသုံးပြုထား ပစ္စည်းတွေက လူတွေကို ဆွဲဆောင်နေကြတယ်၊ တဲ့နည်းပညာနဲ့ ဖန်တီးထားတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ နောက်ကို အလုအယက်လိုက်ရင်း တဖြည်းဖြည်း ခေါင်းပါးလာတာက လူမှုရေးစိတ်ဓါတ်နဲ့ မေတ္တာတရား ကိုယ်ချင်းစာနာစိတ်တွေပဲ ဖြစ်ပါတယ်။ 
 
လူမှုကွန်ယက်ပေါ်မှာ တင်ထားခဲ့တဲ့ ဗီဒီယိုမှာလမ်းလျှောက် ဆော့ကစားတတ်ကာစ ကလေးငယ်လေးဟာ ကားအလွန်ရှုပ်တဲ့ လမ်းမကြီးပေါ်ကို သူ့ရဲ့ သုံးဘီးစက်ဘီးလေးစီးရင်း မထင်မှတ်ပဲရောက်သွားခဲ့ပါတယ်။ ကားတွေကြားထဲမှာ မျက်နှာချင်းဆိုင် သွားနေပုံက မြင်ရသူတွေ အသဲထိတ်စရာပါ။ ဒါပေမယ့် ကားရပ်ပြီး မည်သူတစ်ဦး တစ်ယောက်မျှ ဆင်းလာပြီး ကလေးကို မကူညီကြပဲ ရှောင်ကွင်းမောင်းနှင်သွားကြတာကို အံ့သြစွာနဲ့ တွေ့မြင်ရပါလိမ့်မယ်။ နောက်ဆုံးမှာ ယာဉ်ထိန်းရဲရောက်လာပြီးမှ ကလေးကို ကားလမ်းမအလယ်ကနေ ကယ်တင်သွားခဲ့ပါတယ်။ 
 
ယခုအဖြစ်အပျက်ဟာ ဘယ်နိုင်ငံမှာ ဖြစ်တယ်ဆိုတာကို အတိအကျမပြောနိုင်ပေမယ့် လူတွေဟာ ကိုယ်နဲ့မဆိုင်ဘူးလို့ ယူဆလိုက်ရင် မသိကျိုးကျွံပြုသွားတတ်တဲ့ အယူအဆမျိုးတွေ ကြီးထွားရင့်သန်နေကြပြီဆိုတာကိုတော့…. 
 


Follow us on