1. Home
  2. Myanmar News

တိုယိုတာ ပရိုဘောက်စ်ယာဉ်တစ်စီးရန်ကုန်မြို့လည် လမ်းမလယ်၌ မီးလောင်းပေါက်ကွဲ

Myanmar News พ.ย. 04, 2559 view 1,604
နိုင်ဝင်ဘာလ ၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ရန်ကုန်မြို့လည်ရှိ မဟာဗန္ဓုလလမ်းအတိုင်း မောင်းနှင်လာသော ပရိုဘောက်စ်အမျိုးအစား အငှားယာဉ်တစ်စီး အင်ဂျင်ခန်း အပူလွန်ကဲမှုကြောင့် မီးများတစ်ဟုန်ထိုးလောင်ကျွမ်းကာ ပေါက်ကွဲမှုအသေးစား ဖြစ်ပွားခဲ့သည်။
 
အဆိုပါမီးလောင်ရာနေရာသို့ မီးသတ်ယာဉ်တစ်စင်း ရောက်ရှိလာပြီး မီးသတ်အင်အား ၇ ဦးခန့် အမြန်မီးငြိမ်းသတ်ခဲ့ရသည်။ မော်တော်ယာဉ်မှာ စက်ခန်းနှင့် ခေါင်းခန်းများ ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းခဲ့ပြီး ယာဉ်မောင်းသူအား မတွေ့ရှိရသဖြင့် အဝေးသို့ရှောင်ပြေးသွားသည်ဟု ယူဆနိုင်ကြောင်း လူမှုကွန်ယက်စာမျက်နှာ “Htoo Htoo Khin” အကောင့်မှ ရရှိသော ဗီဒီယိုရုပ်သံအရ သိရှိခဲ့ရသည်။
 


Follow us on