1. Home
  2. Myanmar News

ခိုးကူးခွေရောင်းချသူတွေရဲ့ ဘဝကိုမြှင့်တင်ပေးမယ်လို့ ပြောလိုက်တဲ့ ရုပ်ရှင်အစည်းရုံး ဥက္ကဋ္ဌ ဦးလူမင်း

Myanmar News พ.ย. 04, 2559 view 1,533
ခိုးကူးခွေရောင်းချသူတွေကို ကျီးလန့်စာစား ရောင်းချနေသောဘဝမှ ရဲရဲဝံ့ဝံ့ရောင်းချနိုင်တဲ့ ဘဝရောက် အောင်ကူညီမယ်လို့ ယနေ့မနက်ပိုင်းက ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ အနုပညာချိုးဖောက်ခံရမှုကာကွယ်တားဆီးရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်များကို အသိပေးရှင်းလင်းခြင်း အခမ်းအနားမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြောပါတယ်။
 
ယခုအဖွဲ့အစည်းက ခိုးကူးခွေကို ကျီးလန့်စာစား ရောင်းချနေသောဘဝမှ ရဲရဲဝံ့ဝံ့ရောင်းချနိုင်တဲ့ ဘဝ ရောက်အောင်ကူ ညီမယ်လို့လည်းဆိုပါတယ်။ ဒါ့အပြင် အနုပညာဆိုင်ရာ မူပိုင်ခွင့်ချိုး ဖောက်ခံရမှုများနဲ့ တရားမဝင် ခိုးကူးခွေများ ရောင်းချနေမှုတွေကို အနုပညာရှင်များ စုပေါင်းကာကွယ်မယ်လို့လည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ဆိုပါတယ်။  “ ကျွန်တော်တို့အဖွဲ့အစည်းဟာ ဥပဒေပြုရေး တရားစီရင်ပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းမဟုတ်တဲ့ အတွက် နိုင်ငံခြားကား ရောင်းချခြင်းကို တားဆီး ပိတ်ပင်နိုင်ခြင်း မရှိပါဘူး” လို့ ၎င်းက ဆက်လက်ပြော ကြားခဲ့ပါတယ်။ 
 
 
သဘင်သည်များအစည်းအရုံး ဥက္ကဋ္ဌ ဦးဖိုးချစ်ကတော့ ယခုဖွဲ့စည်းထားတဲ့ ကော်မတီဟာ သူများတွေဒုက္ခရောက်ဖို့ အတွက်မဟုတ်ပါဘူး။ ကိုယ့်အနုပညာ ကာကွယ်ရင်းနဲ့ ဖွံ့ဖြိုးတိုးတက်အောင် စည်းမျဉ်းစည်းကမ်းနဲ့ညီတဲ့ ကိစ္စရပ်တွေကို အနုပညာအဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်တဲ့ ကော်မတီ ဖြစ်တယ်လို့ ကော်မတီရဲ့ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ 
"စောင့်ရှောက်တယ် ကာကွယ်တယ်ပြောပေမဲ့ အဲဒီအနုပညာ သမားတွေကိုယ်တိုင် ချိုးဖောက်တဲ့ သူတွေဖြစ်နေတတ်တယ်"
လို့ တေးသီချင်းမူပိုင်ရှင်များအသင်း ဥက္ကဋ္ဌ ဦးသုခမိန်လှိုင်က အဆိုပါပွဲမှာ ပြောကြားခဲ့ပါတယ်။ 
 
ယခုကော်မတီကို ရုပ်ရှင်၊ ဂီတ၊ သဘင် တေးသီချင်း  မူပိုင်ရှင်များ ရုပ်မြင်သံကြားနှင့် အသံလွှင့် လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌများဖြင့် ၂၀၁၆ ခုနှစ်အောက်တိုဘာလက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ် ကြောင်းသိရပါတယ်။
 
Credit:YMG


Follow us on