1. Home
  2. Movie Stars - Celebrity

သိန်း ၁၀၀ ကျော်တန် မွေးနေ့ဝတ်စုံနဲ့ kendall jenner

Movie Stars - Celebrity พ.ย. 04, 2559 view 1,827

ကမ္ဘာ့ထိပ်တန်းမော်ဒယ်စာရင်းဝင် kendall jenner ရဲ့ အသက် ၂၁ နှစ်ပြည့် မွေးနေ့ပွဲမှာ ဝတ်ခဲ့တဲ့ ဝတ်စုံဟာ အရင်တုန်းက Paris Hilton ဝတ်ခဲ့တဲ့ ဒီဇိုင်းနဲ့ နီးစပ်စွာတူညီနေတာကို တွေ့ရပါတယ်။ ရင်ဟိုက်ဟိုက် ဂါဝန်တိုလေးရဲ့တန်ဖိုးကတော့ မသေးလှပါဘူး။

အမေရိကန်ဒေါ်လာ ၉၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၀၀ ကျော်) တန်ဖိုးရှိပါတယ်။ အင်္ကျီတစ်ထည်လုံးကို Swarovski ခရစ္စတယ်ကျောက်လေးတွေနဲ့ အနုစိတ်ခြယ်သထားတယ်လို့ သိရပါတယ်။ 

ဒါကြောင့်မို့လို့လည်း ဒီဝတ်စုံလေးဟာ ညအမှောင်ထဲမှာတောင် တဖျတ်ဖျတ် တောက်ပနေတော့တာပါပဲ။ သူမရဲ့ဝတ်စုံက Paris Hilton ရဲ့ဝတ်စုံဟောင်းနဲ့ တူနေတဲ့အကြောင်းကိုလည်း kendall jenner က လူမှုကွန်ရက်တွေပေါ်မှာ တင်ခဲ့ပါသေးတယ်။

 

Credit:Duwun 



Follow us on