1. Home
  2. Myanmar News

မော်တော်ယာဉ် စလစ်ဈေးနှုန်းများ တရိပ်ရိပ်ပြန်တက်လာရာ ၁၀၈ သိန်းခန့်ထိရောက်ရှိ

Myanmar News พ.ย. 07, 2559 view 1,529
၁၉၉၅ ခုနှစ်မော်ဒယ်လ် ခရီးသည်တင်ယာဉ်များကို အပ်နှံခွင့်ပြုမည် ဆိုခြင်းမှာ သေချာရေရာခြင်း မရှိဟု သတင်းများထွက် ပေါ်လာပြီးနောက်ပိုင်း စလစ်ဈေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး ကျပ်
၁ဝ၈ သိန်းခန့်သို့ ရောက်ရှိလာကြောင်း စလစ်ဈေးကွက် အတွင်းမှသိရသည်။ လက်ရှိ အမည်ပေါက် စလစ်များအပြင် ရိုးရိုးစလစ်နှင့် အပ်ကားများ၏ ဈေးနှုန်းသည်လည်း လိုက်ပါမြင့်တက်ခြင်ြး ဖစ်ပြီး အမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ် ၄ သိန်းခန့်၊ ရိုးရိုးစလစ် တစ်စောင်လျှင်
ကျပ် ၅ သိန်းခန့်နှင့် နှစ်၂ဝ ပြည့်အပ်ကားတစ်စီးလျှင် ၅ သိန်းခန့်ထိ ဈေးနှုန်းမျာြး မင့်တက်လာခြင်း ဖြစ်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ 
 
ဘတ်စ်ကားက အပ်ခွင့်ပေးမလိုလို မပေးမလိုလိုနဲ့ မသေမချာ ဖြစ်နေတော့ ဈေးက ပြန်တက်လာတာပါ” ဟု စလစ်ဝယ်ရောင်း ဦးမောင်မောင်ဇော်က ပြောဆိုသည်။ ထို့အပြင် လက်ရှိ စလစ်အရောင်းအဝယ် ကောင်းမွန်နေခြင်းကြောင့်လည်း ဈေးနှုန်းများ မြင့်တက်လာခြင်ြး ဖစ်ပြီး အပ်ကားရှိ၊ မရှိပေါ်မူတည်၍ စလစ်ဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ်မည် ဖြစ်ကြောင်း
စလစ်ဝယ်ရောင်းများက သုံးသပ်ပြောဆိုသည်။
 
လက်ရှိအမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ် ၁ဝ၈ သိန်းခန့်၊ ရိုးရိုး (လူအမည်မပေါက်) စလစ်တစ်စောင်လျှင် ကျပ် ၁ဝ၅ သိန်းခန့်၊ နှစ် ၂ဝ သက်တမ်း ပြည့် အပ်ကားတစ်စီးလျှင် ကျပ်သိန်း ၁ဝဝ ခန့်နှင့် တိုက်ကြေ အပ်ကားတစ်စီးလျှင် ကျပ် ၉၅ သိန်းခန့် ဈေးရှိကြောင်း စလစ်ဝယ်ရောင်းများထံမှ သိရသည်။
 
Credit:TheVoice


Follow us on