1. Home
  2. Myanmar News

မရမ်းကုန်းမြို့နယ် စွယ်တော်ကန်ပတ်လမ်းရှိ ခြုံပုတ်အတွင်းမှ ဖွက်ထားသော ကျည်ဆံများတွေ့ရှိ

Myanmar News พ.ย. 07, 2559 view 1,610
၂၀၁၆ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့ည ၉ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ စွယ်တော်ကန်ပေါင်လမ်းရှိ ကားပါကင်တွင် လာရောက် ကူညီလုပ်ကိုင်ပေးသူ ကလေးငယ်(၂)ဦးမှ ကန်ပတ်လမ်းဘေး ခြုံပုတ်အတွင်း၌ ကျည်ဆံများတွေ့ရှိခဲ့ကြောင်း မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့သို့ သတင်းပေးခဲ့သည်။
 
 
ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် ကြွပ်ကြွပ်အိတ်ဖြင့်ထည့်လျက် ပွိုင့် ၂၂ ကျည် (၉၁)တောင့်နှင့် ၎င်းနေရာအနီးရှိ ရေမြောင်းဘေးခြုံပုတ်အတွင်းမှ ပွိုင့် ၂၂ ကျည့် (၅၀)တောင့်တို့တွေ့ရှိရသဖြင့် သိမ်းဆည်းပြီး စုံစမ်းမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 
Credit:YangonPolice
 


Follow us on