1. Home
  2. Myanmar News

အမျိုးသမီးကမ္ဘာ့ဖလားအတွက် ဒိုင်အဖြစ်ရွေးချယ်ခံရသူ မြန်မာအမျိုးသမီး တာဝန်ထမ်းဆောင်ရန် ထွက်ခွာ

Myanmar News พ.ย. 07, 2559 view 1,590
၂၀၁၆ ခုနှစ် ဖီဖာ အသက် ၂၀အောက် အမျိုးသမီးကမ္ဘာ့ဖလားတွင် ဒိုင်တစ်ဦးအဖြစ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ ရွေးချယ်ခြင်းခံခဲ့ရသော မြန်မာအမျိုးသမီး ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးသည် တာဝန်ထမ်းဆောင်ရန် နယူးဂီနီနိုင်ငံ ပါပူအာသို့ နိုဝင်ဘာလ ၅ ရက်နေ့ နေ့လည်အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။
 
 
ဖီဖာက ကွင်းလယ်ဒိုင်လူကြီး ၁၆ ဦး၊ အကူဒိုင် ၂၇ ဦးတို့ကို ကမ္ဘာတစ်ဝှမ်းလုံးမှ ရွေးချယ်ခဲ့ရာတွင် မြန်မာနိုင်ငံမှ ဒေါ်သိန်းသိန်းအေး အရွေးချယ်ခံခဲ့ရသည်။ အာရှတိုက်တွင် ဒေါ်သိန်းသိန်းအေး အပါအဝင် တရုပ်နိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့မှ ဒိုင်တစ်ဦးစီရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
 
ဖီဖာ အသက် ၂၀အောက် အမျိုးသမီးကမ္ဘာ့ဖလားကို နယူးဂီနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး နိုင်ဝင်ဘာ ၁၃ ရက်နေ့မှ ဒီဇင်ဘာ ၃ ရက်နေ့ထိ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ အိမ်ရှင် ပါပူအာ နယူးဂီနီအသင်း၊ ဘရာဇီး၊ ဆွီဒင်၊ မြောက်ကိုရီးယား၊ စပိန်၊ ကနေဒါ၊ ဂျပန်၊ နိုက်ဂျီးရီးယား အသင်းတို့ ပါဝင်ယှဉ်ပြိုင် ကစားကြမှာဖြစ်ပြီး ဒေါ်သိန်းသိန်းအေး အနေနဲ့ ဖိုင်နယ်အထိ ဒိုင်အဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် အမှားအယွင်းမရှိအောင် ကြိုးစားသွားမည်ဟု  မြန်မာဘောလုံးအဖွဲ့ချုပ် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါသည်။
 
Credit:DVB


Follow us on