1. Home
  2. Movie Stars - Celebrity

ကလေးတွေကို ပူးတွဲအုပ်ထိန်းခွင့်ရဖို့ လျှောက်ထားလိုက်တဲ့ Brad Pit

Movie Stars - Celebrity พ.ย. 07, 2559 view 1,595

ကလေး ခြောက်ဦးကို တစ်ဦးတည်း အုပ် ထိန်းခွင့်ရရေး Angelina Jolie ၏ တောင်းဆိုမှုကို စိန်ခေါ်ပြီး Brad Pit က ပူးတွဲအုပ်ထိန်းခွင့် ရရေး ကယ်လီဖိုးနီးယား ထိပ်တန်းတရားရုံးသို့ ဦးတိုက်လျှောက်ထား လိုက်ပါပြီ ။

အိမ်ထောင်သက် ၂ နှစ် အကြာတွင် လမ်းခွဲခဲ့ကြသော Brad Pit နှင့် Angelina Jolie တို့မှာ Maddox (၁၅)နှစ်၊ Pax (၁၂)နှစ်၊ Zahara (၁၁) နှစ်၊ Shiloh (၁၀)နှစ်နှင့် (၈)နှစ်အရွယ် အမြွှာနှစ်ဦးဖြစ်သည့် Knox နှင့် Vivienne စသော ကလေးခြောက်ဦးရှိပြီး Jolie က လဲ အုပ်ထိန်းခွင့်ရရန် တောင်းဆိုထားခဲ့ပါတယ်။

စက်တင်ဘာ ၁၄ ရက်က ပြင်သစ်မှ အမေရိကန်နိုင်ငံသို့ ထွက်ခွာလာသော ကိုယ်ပိုင်လေယာဉ်ပေါ်တွင် Brad Pit နှင့် ကလေးတစ်ဦး၏ အဖြစ်အပျက် ကို ကလေးသူငယ်ဌာနက စစ် ဆေးနေဆဲဖြစ်ပြီး Brad Pit က Maddox ကို ကိုယ်ထိလက် ရောက် စော်ကားခဲ့သည်ဆိုတဲ့ သတင်းများ လဲ ထွက်ပေါ်ထားပါတယ်။

Brad Pit ကစွပ်စွဲ ချက်ကို ငြင်းဆိုထားပြီး စုံစမ်းစစ် ဆေးသူများနှင့် ပူးပေါင်းဆောင် ရွက်နေပါတယ်။ Jolie ဟာ အလုပ်နှင့် အစီအစဉ်အားလုံး ကို ဖျက်သိမ်းထားပြီး နေအိမ်မှာ ကလေးများနှင့် အတူနေထိုင်နေ ကြောင်းကိုလဲ သတင်းတွေက ဖော်ပြထားကြပါတယ်။ Maddox ဟာ Brad Pit နှင့် ပြန်တွေ့ပြီး နေထိုင်ရန် ငြင်းဆိုနေပါတယ်။

Credit:7day 



Follow us on