1. Home
  2. Special or Others

ကျိန်စာသင့်သူဟု မိဘတွေက သတ်မှတ်တဲ့ ဦးခေါင်းတွဲလွဲနဲ့ ကလေးငယ်

Special or Others พ.ย. 08, 2559 view 1,603
ဦးခေါင်းတွဲလောင်းချပြီး နေထိုင်ခဲ့ရသူ ကလေးငယ်၊ ပုံမှန်အတိုင်းပြန်ဖြစ်အောင် ကုသပေးခဲ့ပြီးနောက် သိပ်မကြာမီမှာ တီဗီကြည့်ရင်း ရုတ်တရက်သေဆုံးခဲ့သည်။
 
အိန္ဒိယနိုင်ငံက အသက် ၁၃ နှစ် ကျောင်းနေအရွယ် ကလေးတစ်ဦးဖြစ်သူ “မဟန်ဒရာ” ဟာ မွေးဖွားလာစဉ်ကတည်းက သူ့ရဲ့ လည်ပင်းကြွက်သားများက ပုံမှန်အတိုင်း ထောင်မတ်မနေတိုင်တဲ့အတွက် သူ့ရဲ့ဘဝတစ်လျောက်လုံးမှာ ဦးခေါင်း တွဲလောင်းချပြီး နေထိုင်ခဲ့ရပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ မိဘနှစ်ပါး မွေးဖွားလာခဲ့သူမို့ မိသားစုဝင်တွေက ဆေးကုသဖို့ မတတ်နိုင်ခဲ့ပါဘူး။
 
 
သို့သော် သူ့ရဲ့သတင်းဟာ ထိပ်တန်းသတင်းတစ်ခုအဖြစ် ပြီးခဲ့တဲ့နှစ်က ပျံ့နှံ့သွားခဲ့ပြီးတဲ့နောက်မှာ အင်္ဂလန်နိုင်ငံ လီဗာပူမြို့ရှိ ကလေးနှစ်ဦးရဲ့ မိခင်ဖြစ်သူတစ်ဦးက ဦးဆောင်၍ ငွေကြေးကောက်ခံ ထောက်ပံ့ပေးခဲ့ပြီး စတာလင်ပေါင် ၁၂,၀၀၀ ကို ခွဲစိတ်ကုသနိုင်ရန် ထောက်ပံ့ပေးခဲ့ပါတယ်။
 
 
အိန္ဒိယနိုင်ငံ နယူဒေလီရှိ အပိုလို ဆေးရုံးတွင် အတွေ့ကြုံရင့်ကျက်သူ ဒေါက်တာခရစ်နန်ရဲ့ ကုသပေးမှုကြောင့် လည်ပင်းမတ်လို့ရခဲ့ပြီး ဦးခေါင်းပုံမှန်အနေအထားနဲ့ ပြန်လည်ကျန်းမာလာခဲ့ပါတယ်။ ခွဲစိတ်မှုကို ပြီခဲ့တဲ့ ဖေဖော်ဝါရီလတွင်းက လုပ်ခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ သို့သော် ယခုအပတ်အတွင်းမှာ “မဟန်ဒရာ” ဟာ ရုတ်တရက်သေဆုံးခဲ့တဲ့အတွက် ဆရာဝန်ကြီးကိုယ်တိုင် အံ့အားသင့်ခဲ့ရပါတယ်။
 
 
“မဟန်ဒရာ” ရဲ့ ဖခင်ဖြစ်သူက သူမသေခင်မနက်က အစာစားပြီး တီဗီကြည့်ချင်တယ်ဆိုတဲ့အတွက် ကားတွန်းကားဖွင့်ပေးထားကြောင်း၊ သူဟာ သူ့ရဲ့ခုံလေးပေါ်မှာ ထိုင်နေရင်း ချောင်း နှစ်ခါဆိုးပြီး တတိယအကြိမ် ချောင်းဆိုးဖို့ ကြိုးစားရာမှာ ရုတ်တရက် သေဆုံးသွားခဲ့ကြောင်း ပြောခဲ့ပါတယ်။ 
 
 
သူ့သားဖြစ်သူဟာ ကြီးလာတဲ့အခါ ကုန်စုံဆိုင်ဖွင့်ဖို့ ဆန္ဒပြင်ပြကြောင်း၊ သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့လည်း ကြိုးစားနေပေမယ့် ယခုလိုသေဆုံးသွားတဲ့အတွက် အကောင်ထည်ဖော်မပေးနိုင်လို့ အလွန်ဝမ်းနည်းကြောင်း ပြောပြပါတယ်။ “မဟန်ဒရာ” ရုတ်တရက် သေဆုံးခဲ့မှုဟာ ခွဲစိတ်ကုသမှုကြောင့်မဟုတ်ပဲ သူ့သားဟာ ဦးခေါင်းတွဲလောင်းနဲ့ပဲ အသက်ရှင်ဖို့ ကျိန်စာတိုက်ခံထားရသူဖြစ်လိမ့်မယ်လို့ သူ့ရဲ့ မိဘတွေက ယုံကြည်နေကြပါတယ်။
 


Follow us on