1. Home
  2. Special or Others

ဈေးကွက်ထဲရောက်လာတော့မည့် အဗာတာ(Avatar) ကလေးငယ် အရုပ်လေးများ

Special or Others พ.ย. 08, 2559 view 1,867
အဗာတာ(Avatar) ဟု ဆိုလိုက်သည်နှင့် မသိသူအလွန်ရှားပါလိမ့်မည်။ နာမည်ကြီး ဟောလိဝုဒ်ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန် ရိုက်ကူးသည့် လူတစ်ပိုင်း တိရိစ္ဆာန်တစ်ပိုင်း အပြောရောင် သတ္တဝါများကို ပြေးမြင်ကြမိမည်သာ..။
ထိုအပြာရောင် လူတစ်ပိုင်း တိရိစ္ဆာန်တစ်ပိုင်း မွေးကာစ ကလေးပေါက်စန အရုပ်လေးများကို မွေး စပေါက်ကလေးရုပ်လေးများ ထုတ်လုပ်သည့် ဘေဘီကလွန် ကုမ္ပဏီက ထုတ်လုပ်လိုက်ခြင်းဖြစ်သည်။ ဆီလီကွန်နှင့် ပြုလုပ်ထားပြီး တစ်ကယ့်လူသား အစစ်အတိုင်း နူးညံ့သော အထိအတွေ့လေးများနှင့် အိပ်ပျော်နေသော အဗာတာ(Avatar) ကလေးလေး သုံးယောက်ရဲ့ ဗီဒီယိုက အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့သည်။
 
မည်သည်ရည်ရွယ်ချက်နှင့် ထုတ်လုပ်လိုက်သည်ကို မသိရှိရသော်လည်း အရုပ်၏ တန်ဖိုးကို ဒေါ်လာ ၈၈၅ (ကျပ်ငွေ ၁၁ သိန်းကျော်) နှင့် ဈေးကွက် စဖွင့်လိုက်ပါပြီ။
 


Follow us on