1. Home
  2. Movie Stars - Celebrity

ကြမ်းတမ်းတဲ့ ဇာတ်ရုပ်တွေလည်းသရုပ်ဆောင်လာတဲ့ ကောင်းပြည့်

Movie Stars - Celebrity พ.ย. 08, 2559 view 1,545

‘‘ကျွန်တော်ဇာတ်ရုပ်ကို တစ်သမတ်တည်းမရိုက်ကူးသွား ချင်ဘူး။ ကြမ်းကြမ်းတမ်းတမ်း လည်း ကျွန်တော်လုပ်နိုင်တယ်။ ပေတိပေစုတ်လည်း လုပ်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ချင် တယ်။ ကျွန်တော်ဖန်စီလို ပေါ့ပေါ့ပါးပါးလေးတွေပဲ သရုပ်ဆောင်ပြီး ဒါလေးနဲ့ပဲ ပြီးဆုံးသွားတာလည်း မဖြစ်ချင်ဘူး။ ဒါလေးပဲ လုပ်နိုင် တယ်ဆိုတဲ့ အနုပညာရှင်တစ် ယောက်မဖြစ်ချင်ဘူး’’ လို့လဲ ပြောထားပါတယ်။

ရုံတင်တော့မည့် ‘နှစ်ယောက်တစ် ဘ၀’ ဇာတ်ကားမှာ တွင် သူဌေးသားဇာတ် ရုပ်နှင့် တောရွာမှာ တောင်ယာ ၊ မွေးမြူရေးလုပ်ငန်းတို့ကို ကြမ်းကြမ်းတမ်းတမ်းလုပ်ဆောင် ရာမှာလဲ နွားချေးအစစ်နှင့် ရိုက်ကူးခဲ့ရသည့်ဇာတ်ဝင်ခန်းလည်း ပါဝင်ခဲ့ပါတယ်။

နွားချေးဟာ စိုက်ပျိုးရေး အတွက်တော့ အသုံးဝင်ပေမယ့် တကယ်တန်းနွားချေးအစစ်တွေကို သုံးတဲ့ အခါ မခံနိုင်လောက်အောင်ဖြစ်ခဲ့ရပါတယ်။ အတူသရုပ်ဆောင်တဲ့ ခင်လှိုင်လဲ နွားချေးအစစ်ထဲထိုးကျ ခန်း ကောင်းပြည့် ပါးကို နွားချေးနဲ့ သုတ်သွားတဲ့ အခန်းတွေ ပါဝင် သလို တကယ့် အစစ်ကို သုံးထားတဲ့ အတွက် ပိုအသက်ဝင်သွား ပြီး ပို သဘောကျပါတယ်လို့ လဲ ပြောထားပါတယ်။

‘ပျံကျကူလီ’ ဇာတ်ကားမှာ လည်း တစ်ကားလုံးကူလီအထမ်းသမား အဖြစ် ကြမ်းကြမ်းတမ်းတမ်း ပါဝင်သရုပ်ဆောင်ထား ပါသေးတယ် ။ ရုံတင်ဖို့ ကားတွေလဲ ငါးကားလောက် ရှိကြောင်း ကိုလဲ ပြောထားပါတယ်။

Credit:7day



Follow us on