1. Home
  2. Movie Stars - Celebrity

အရိုးတီဘီကြောင့် ဆေးရုံတက်နေရတဲ့ ဟာသ သရုပ်ဆောင် လူရွှင်တော်ဧရာ

Movie Stars - Celebrity พ.ย. 09, 2559 view 1,726
 
ရုပ်ရှင်သရုပ်ဆောင်၊ ဟာသလူရွှင်တော် ဧရာဟာ အရိုးတီဘီ ရောဂါကြောင့် ကြည့်မြင်တိုင်မြို့နယ်၊ ဆင်မလိုက် အရိုး ဆေးရုံရှိ အဆောင်သစ် ( ပထမထပ်) မှာ ဆေးဝါးကုသမှု ခံယူနေရကြောင်း ဦးဧရာ၏ သမီးဖြစ်သူ မယမုံခင်ထံမှ သိရှိရသည်။
 
“ဆေးရုံ စတက်တာကတော့ နိုဝင်ဘာလ ၇ ရက်နေ့က စတက်တာပါ။ ရောဂါကတော့ အရိုးတီဘီ ဖြစ်တာလို့ သိရတယ်။ ခါးရိုး နှစ်ဆစ်က လုံးဝ မကောင်းတော့ဘဲ တီဘီ ဖြစ်နေတာပေါ့။ ဆေးရုံပေါ် ရောက်တော့မှ ဓာတ်မှတ် ရိုက်ကြည့်လိုက်တော့မှ သိရတာပေါ့။ အိမ်မှာ နေရင်းနဲ့ ခါးနာတဲ့ ရောဂါကို ကုနေတာတော့ နှစ်လလောက်ရှိပြီ။ အရိုး တီဘီဖြစ်တာတော့ ဆေးရုံရောက်တော့မှ သိတာပါ” လို့  ပြောဆိုပါတယ်။
 
အနုပညာ အလုပ်တွေလုပ်နေရင်း တန်းလန်းနဲ့ ခါးနာတဲ့ ဝေဒနာကို စတင် ခံစားလာရတဲ့အတွက် လုပ်လက်စ အလုပ်တွေကို ရပ်နားခဲ့ရကြောင်း၊ လက်ခံထားတဲ့ ဇာတ်ကားတွေကိုလည်း ဖျက်လိုက်ရပြီး၊ စရံယူထားတဲ့ အနုပညာကြေးတွေကိုလည်း ပြန်အမ်းပေးခဲ့ရကြောင်း မယမုံခင်က ပြောကြားပါတယ်။
 
အရိုးတီဘီ ဖြစ်တာကို သိလိုက်ရတဲ့ အချိန်မှာတော့ အဖေက တော်တော်လေး ဝမ်းနည်းသွားတယ်။ အားလည်း အားငယ်သွားတာပေါ့နော်။ ပထမ တစ်ခေါက်ကလည်း ဆေးရုံတက်ပြီးပြီ။ ဒီတစ်ခေါက် ဆေးရုံ ထပ်တက်ရတော့ သိပ်တော့ မကောင်းဘူးပေါ့။ ကျန်တာကတော့ ဘာမှ မဖြစ်ပါဘူး”လို့ သူမကဆိုပါတယ်။ 
 
လက်ရှိမှာ ဖခင်ဖြစ်သူ ဆေးဝါးကုသမှု ခံယူနေရတဲ့ အရိုးဆေးရုံကို အနုပညာ မောင်နှမတွကေ လာရောက် အားပေးစ ကားတွေ ပြောကြားကြကြောင်း၊ အရိုးတီဘီရောဂါအတွက် ခွဲစိတ်ကုသမှု ခံယူရဖို့ များပြီး ဆေးရုံတက်နေရတဲ့ တစ်လအတွင်း စောင့်ကြည့်သွားမယ်လို့ ကုသပေးနေတဲ့ ဆရာဝန်ကြီးက ပြောကြားထားကြောင်း မယမုံခင်က ဆိုပါတယ်။
 
Credit:TheVoice


Follow us on