1. Home
  2. Special or Others

Samsung ရဲ့ နောက်ထွက်မယ့် Galaxy S8 ဖုန်းမှာ AI Assistant ပါဝင်လာမည်

Special or Others พ.ย. 09, 2559 view 1,534

တဖြည်းဖြည်းနဲ့ သိဥာဏ်တုစနစ် (Artificial Intelligence) ကိုအခြေခံတဲ့ Digital Assistants တွေရဲ့ အချိန်ကို ရောက်ရှိလာနေပါပြီ။ Google, Apple နဲ့ Amazon တို့ဟာ သူတို့ရဲ့ A.I နည်းပညာကို သူတို့ရဲ့ ထုတ်ကုန်တွေမှာ ထည့်သွင်းသုံးစွဲနေပြီဖြစ်သလို၊ ယခုတစ်ဖန်လည်း Samsung ဟာ အဓိကထုတ်ကုန်အမျိုးအစားဖြစ်တဲ့ Galaxy S8 ဖုန်းမှာ ကိုယ်ပိုင် AI စနစ်တစ်ခုကို ထည့်သွင်းတော့မှာ ဖြစ်တယ်လို့ Reuters က ဖော်ပြထားတာဖြစ်ပါတယ်။ Samsung အနေနဲ့ Google Assistant, Alexa နဲ့ Siri တို့လို AI မျိုးထုတ်လုပ်ဖို့အတွက် Samsung ဟာ ပြုလုပ်နေတာဖြစ်တယ်လို့ Reuters ကဆိုခဲ့ပြပီး ယခင်တုန်းကတော့ AI စနစ်အတွက် အစီအစဉ်တွေလုပ်ဆောင်နေခဲ့ကြောင်း ပြောကြားခဲ့ဖူးတာကြောင့် Galaxy S8 ဟာ Apple ရဲ့ iPhone မှာပါဝင်တဲ့ လုပ်ဆောင်ချက် တစ်မျိုးကို လိုက်မီနိုင်တဲ့ ဖုန်းအဖြစ်ထွက်ပေါ်လာနိုင်ခြေရှိနေပါတယ်။

Samsung ရဲ့ AI Assistant ဟာ Google နဲ့ Apple တို့ပိုင်ဆိုင်တဲ့ ပုံစံနဲ့ ကွဲထွက်ပြီးတော့ ပုံစံသစ်တစ်မျိုးနဲ့ ထွက်ပေါ်လာနိုင်ပြီး လက်ရှိလုပ်ဆောင်နေတဲ့ Samsung ရဲ့ Viv ပရိုဂရမ်ကိုပဲထည့်သွင်းလာမလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။ Samsung ဟာ Digital Assistant လုပ်ဆောင်ချက်သစ်နဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ Galaxy Note 7 ဖုန်းတွေကို ပြန်လည်သိမ်းယူတာကြောင့် ထိခိုက်နေတဲ့ Public Relation ကိုပြန်လည် တည်ဆောက်လိုနေပါတယ်။

ပြီးခဲ့တဲ့လတုန်းက Samsung ရဲ့ မိုဘိုင်းလ်ကဏ္ဍဟာ Note 7 ဖုန်းအတွက်ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာကို တာဝန်ယူကြောင်းပြောကြားခဲ့ပြီး သတင်းတွေအရ ရှစ်နှစ်အတွင်း အကျိုးအမြတ်အနည်းဆုံး ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ အကြောင်းကိုတော့ ပြန်လည်ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

Credit ; digitaltimes



Follow us on