1. Home
  2. Special or Others

ဈေးဝယ်စင်တာရှိ အဝင်ဝ မှန်တံခါးအကြီးစား ၃ နှစ်အရွယ်ကလေးပေါ် ပြုတ်ကျခဲ့

Special or Others พ.ย. 10, 2559 view 1,585
နိုဝင်ဘာလ ၆ ရက်နေ့က တရုပ်နိုင်ငံ၊ ဂွန်ဒေါင်းပြည်နယ် ဖိုရှန်မြို့ ဈေးဝယ်စင်တာတစ်ခုမှာ အဝင်ပေါက်ရှိ မှန်တံခါး အကြီးစားတစ်ချပ် လမ်းလျှောက်တတ်ကာစ ၃ နှစ်အရွယ် ကလေးငယ်လေးတစ်ဦးအပေါ် ပြုတ်ကျခဲ့ပါတယ်။
 
ကလေးငယ်လေးဟာ နေရာမှာတင် သတိလစ်မေ့မျောခဲ့ပြီး ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ရတယ်လို့ ရှန်ဟိုင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ ဈေးဝယ်စင်တာမှာ တပ်ဆင်ထားတဲ့ စီစီတီဗီအရ ကလေးငယ်ဟာ အဖွားဖြစ်သူနဲ့ အတူ ဝင်ပေါက်မှ ဝင်လာချိန်၊ အဖွားက ရှေ့က သွားပြီး ကလေးငယ်က နောက်က လိုက်ဝင်လာခဲ့ပါတယ်။ ကလေးငယ် အဆောက်အဦးထဲသို့ ခြေလှမ်းရုံပဲရှိသေးတဲ့အချိန် မှန်တခါးမကြီးက အချပ်လိုက် ကလေးအပေါ်ကို ပြုတ်ကျပြီး ပိသွားခဲ့ပါတယ်။
 
ကလေးငယ်ဟာ အသက်ရှင်ခဲ့ပေမယ့် ဦးခေါင်းခွံမှာ ဒဏ်ရာတွေရခဲ့တာကြောင့် ဆေးရုံမှာ ကုသမှုခံနေရဆဲဖြစ်ပါတယ်။ ယခုလို မတော်တဆမှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပါတယ်။
 


Follow us on