1. Home
  2. Movie Stars - Celebrity

Upper Beauty ရင်သားကြီးဆေးကို မြန်မာနိုင်ငံကို ကိုယ်စားလှယ်ယူပြီး တင်သွင်းဖြန့်ချိနေတဲ့ Miss ခြူးစစ်ဟန်

Movie Stars - Celebrity พ.ย. 10, 2559 view 2,120

အလှမယ် ခြူးစစ်ဟန်အနေနဲ့ ထိုင်းနိုင်ငံကထုတ်လုပ်တဲ့ Upper Beauty ရင်သားကြီးဆေးကို မြန်မာနိုင်ငံကို ကိုယ်စားလှယ်ယူပြီး တင်သွင်းဖြန့်ချိတာ အခု ဆိုရင် ၂ လခန့်ရှိပြီဖြစ်ပါတယ်။ ဒီဆေးကို အမြို့မြို့အနယ်နယ်ကို ဖြန့်ချိဖို့အတွက်လည်း စီစဉ်နေပါတယ်။

မြန်မာမိန်းကလေးတွေကို လှပစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အခုလို ရောင်းချခြင်းဖြစ်ကြောင်းကို အလှမယ်ခြူးစစ်ဟန်က… ” ညီမ ဒီဆေးဖြန့်တာ ၂ လ လောက်ရှိပါပြီ။ မြန်မာမိန်းကလေးတွေက ရင်သားမရှိကြဘူး။ ညီမကို သူငယ်ချင်းတွေက ဒီဆေးလက်ဆောင်ပေးတဲ့ အချိန်မှာ မယုံဘူး။ ကိုယ်လည်း အရင်တုန်းက ဆေးတွေ စမ်းသောက်တယ်။ ဆေးတွေလူးပေမယ့် မထူးခြားဘူး။ ဒီဆေးကို အစတုန်းက မယုံဘူး။ ဒါပေမဲ့ သောက်လိုက်တဲ့ အချိန်မှာထူးခြားတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အံ့သြတယ်။ အဓိကကတော့ မြန်မာမိန်းကလေးတွေအနေနဲ့ ကိုယ့်မျိုးရိုးဗီဇအရ ရင်သားမရှိတဲ့လူ တွေများတယ်။ ကိုယ့်အစ်မတွေ၊ ညီမတွေကို လှစေချင်တဲ့ ဆန္ဒနဲ့၊ ပြီးတော့ ဒီဆေးကလည်း ကိုယ်ကိုယ်တိုင် အခုအချိန်ထိ သောက်သုံးတာ တကယ်ထူးခြားတဲ့အတွက် ကိုယ်စားလှယ်ယူပြီး ရောင်းချပေးဖြစ်တာပါ” လို့ ပြောပါတယ်။

ဒီဆေးက ထိုင်းနိုင်ငံရဲ့ FDA အသိအမှတ်ပြုလက်မှတ်ရရှိထားသလို မြန်မာနိုင်ငံက FDA ရဲ့ အသိအမှတ်ပြုလက်မှတ်ရဖို့လည်း ကြိုးစားနေပြီး အာမခံချက် အပြည့်အဝရှိကြောင်းလည်း  ပြောပြခဲ့ပါတယ်။

” ကိုယ်လည်း အနုပညာအလုပ်လုပ်ကိုင်နေတဲ့သူ တစ်ယောက်အနေနဲ့ အာမခံပြီးရောင်းတာပါ။ ဒီဆေးက အပျိုတွေမှမဟုတ်ဘူး။ မိခင်တွေလည်း သောက်လို့ ရတယ်။ မိန်းမလျာတွေလည်း သောက်လို့ရတယ်။ ပြီးတော့ ဒီဆေးကအားဆေးတစ်မျိုး။ ဟော်မုန်းဓာတ်ကို ပြောင်းလဲပေးတဲ့ ဆေး၊ ဘေးထွက်ဆိုးကျိုး လုံးဝမရှိဘူး။ မိခင်တွေအနေနဲ့ သောက်မယ်ဆိုရင်လည်း ရင်သားတင်းရင်း လှပစေတယ်။ ရင်သားလှချင်တဲ့ ညီမတွေ၊ အစ်မတွေကို သောက်သုံးဖို့လည်း တိုက်တွန်းချင်ပါတယ်။ စိတ်ရှည်လက်ရှည်နဲ့ သောက်သုံးစေချင်ပါတယ်။ အသားအနာခံပြီး၊ ပိုက်ဆံအများကြီး အကုန်ခံပြီး ခွဲစိတ်သလို ချက်ချင်းကြီးသွားတာ တော့ မဟုတ်ဘူး။ အားဆေးဆိုတော့ စွဲသောက်ရမယ်။ အသားအရေတွေလည်းလှပစေပါတယ်’ လို့ ပြောပါတယ်။

Credit:popular 



Follow us on