1. Home
  2. Myanmar News

ရန်ကုန်-သန်လျင် ခရီးသည်တင်ကားများ ယာဉ်စီးခ ကျပ် ၅၀၀ ကောက်ခံမှု ခရီးသည်များ ဆန္ဒထုတ်ဖော်

Myanmar News พ.ย. 11, 2559 view 1,589
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့ နယ် ပန်းဆိုးတန်းမှတ်တိုင်နှင့် သန် လျင်မြို့နယ်သို့ ပြေးဆွဲသည့် ရန်ကုန်-သန်လျင်ခရီးသည်တင်ကားများမှာ ယာဉ်စီးခတစ်ဦးလျင် ကျပ် ၃၀၀ မှ ကျပ် ၅၀၀ တိုးကာကောက်ခံမှုကြောင့် နိုဝင်ဘာ ၈ ရက် ည ၇ နာရီခန့်က ခရီးသည်များမှာ ကားမစီးဘဲ ဆန္ဒ ထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ 
 
အဆိုပါ ဆန္ဒထုတ်ဖော်ရာနေ ရာသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ လျှပ်စစ်စက်မှုလက်မှုနှင့် လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ အနောက်ပိုင်းခရိုင်မှူး ကျောက်တံတားမြို့နယ် ရဲစခန်းတာဝန်ရှိသူများ၊ မထသ ဗဟိုမှ တာဝန်ရှိသူများမှ အခြေအနေကို ဝင်ရောက် ထိန်းသိမ်းပေးခဲ့ရသည်။
 
ထိထိရောက်ရောက် အရေး ယူမယ်။ ပိုတောင်းတဲ့ကားတွေကို မနက်ဖြန် မထသမှာ အစည်းအဝေး လုပ်ပါမယ်။ နောက်ရက်တွေမှာလည်း ခရီးသည်တွေအဆင်ပြေအောင် ဆောင်ရွက်ပေးမယ်" ဟု ဒေါ်နီလာကျော်က ပြောသည်။
 
သန်လျင်ပြန်မည့် ခရီးသည်များထံမှ နေ့စဉ် ကျပ် ၅၀၀ ကောက်ခံနေခြင်းဖြစ်ပြီး ခရီးသည်များမှာလည်း ယာဉ်စီးခမတတ်နိုင်၍ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူ ခရီးသည်တို့က ဆိုသည်။
"ကျွန်တော်တို့က ညနေ ၆ နာ ရီလောက်ကတည်းက ငါးရာကောက်လို့ မစီးပဲနေတာပါ။ တစ်နေ့မှ သုံး ထောင်ရတာ။ ကျွန်တော်တို့မှာလည်း မိသားစုရှိတယ်။ နေ့စဉ်ရက်ဆက်ဖြစ်နေလို့ ပွင့်ထွက်လာတာပါ" ဟု ဆန္ဒထုတ်ဖော်သူတစ်ဦးက ပြောသည်။ 
 
လက်ရှိတွင် ၄၅ ယာဉ်လိုင်း၊ ရွှေရန်ကုန်ယာဉ်လိုင်းနှင့် မြောက်ဒဂုံ ပြေးဆွဲနေသည့် ဘီအမ်လေးစီးမှ ပြေး ဆွဲပေးပြီးဖြစ်ကာ ကျန်ရှိခရီးသည်များ တင်ဆောင်နိုင်ရန် ဘီအမ်နှစ်စီးမှ အဆင်သင့်စောင့်ဆိုင်းပေးထားသည်။
 
"ပထမအဆင့်အနေနဲ့ ခရီးသည် တွေအဆင်ပြေအောင် ဆောင်ရွက် ပါတယ်။ နောက်အရေးယူပါ့မယ်။ သတ်မှတ်ထားတဲ့ ယာဉ်စီးခနဲ့ပဲထွက် ရမယ်။ မကိုက်ရင် မထွက်နဲ့" ဟု မထသ ဗဟိုဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုကြောင့် သန်လျင်ကားတချို့မှာ တံခါးပိတ်ကာ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
 
Credit:ဒီမိုကရေစီတူဒေး


Follow us on