1. Home
  2. Special or Others

နားရွက်အသစ်တစ်ဖက်ကို လူရဲ့လက်ဖျံပေါ်မှာ ပေါက်ဖွားစေခဲ့မှု အောင်မြင်

Special or Others พ.ย. 11, 2559 view 1,575
တရုပ်နိုင်ငံက ဆရာဝန်တစ်ဦးက ယာဉ်မတော်တဆမှုကြောင့် ညာဘက် နားတစ်ဖက်ဆုံးရှုံးခဲ့ရသူအတွက်  ကာယကံရှင်ရဲ့ လက်ဖျံးသားမှာ နားအသစ်တစ်ဖက်ကို အောင်မြင်စွာမွေးမြူနိုင်ခဲ့ပါတယ်။
 
အသက် ၃၀ နှစ်အရွယ် “ကျီ” ဟုသာ ဖော်ပြထားသူ တစ်ဦးသည် လွန်ခဲ့သော တစ်နှစ်ခန့်က ယာဉ်မတော်တဆ ဖြစ်ခဲ့ပြီး သူ၏ နားရွက်တစ်ဖက် ဆုံးရှုံးခဲ့တာကြောင့် ကိုယ်ခန္ဓာအစိတ်အပိုင်း အစားထိုးကျွမ်းကျင်သူ ဒေါက်တာကိုရှုကျူံး ထံမှာ ကုသမှုခံယူခဲ့ပါတယ်။
 
လုပ်သက် အတွေ့အကြုံ ၃၃ နှစ်ရှိထားတဲ့ ဒေါက်တာကိုရှုကျူံး ဟာ သူရဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်သူ ရှုမောင်ကွား နဲ့အတူ လူနာရဲ့ နံရိုးအရိုးနုကနေ အဆင့်သုံးဆင့်နဲ့ နားရွက်တစ်ဖက် ပြန်လည်မွေးဖွားနိုင်အောင် ဖန်တီးခဲ့ကြပါတယ်။
 
 
ပထမဦးဆုံးအဆင့်အနေနဲ့ လူနာရဲ့ ညာဖက် လက်ဖျံထဲမှာ အသားဖြစ်လာစေမယ့်အရာကို မြုတ်ထားခဲ့ပြီး သစ်ပင်စိုက်သကဲ့သို့ ကြီးထွားလာစေရန် ပုံမှန် ရေထိုးသွင်းပေးခဲ့ပါတယ်။
 
ဒုတိယအဆင့်အဖြစ် လူနာရဲ့ အရိုးနု အစိတ်အပိုင်းငယ်ကို ယူခဲ့ပြီးနောက် ထည့်သွင်းခဲ့တဲ့ အသားဖြစ်လာစေမယ့် အရာအောက်ထဲကို မြုတ်နှံမှုလုပ်ခဲ့ရာမှာ အောင်မြင်ခဲ့ပါတယ်။ တတိယအဆင့်အနေနဲ့  လက်ဖျံပေါ်မှာ အသစ်ပေါက်လာတဲ့ နားရွက်ကို လူနာရဲ့ ဦးခေါင်းမှာ အစားထိုးဖို့ ခွဲစိတ်ရမှာဖြစ်ပြီး နောက်ထပ် သုံးလေးလခန့် စောင့်ရဦးမယ်လို့ ရှုကပြောပါတယ်။
 
 
ပြီးပြည့်စုံတဲ့ နားရွက်တစ်ခု ဖြစ်လာဖို့ ဆရာဝန်တွေအနေနဲ့ နောက်ထပ် သုံးလေးလခန့် စောင့်စားရမှာဖြစ်ပါတယ်။ လူနာဖြစ်သူ “ကျီ” က သူ့ရဲ့ ညာဖက်လက်ဖျံပေါ်မှာ အသစ်ပေါက်လာတဲ့ နားရွက်က သူ့ရဲ့ အရင်နားရွက်နဲ့ တထေရာထဲပဲဟု ပြုံးလျှက် ပြောပါတယ်။
 


Follow us on