1. Home
  2. Myanmar News

တရုပ်အာကာသစခန်း အပိုင်းအစများ မြန်မာပြည်ထဲသို့ ပြုတ်ကျလာနေသည်လော...

Myanmar News พ.ย. 11, 2559 view 1,550
နိုဝင်ဘာလ ၁၀ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်ဒေသတွင်းသို့ အမျိုးအမည်မသိသော အာကသယာဉ်နှင့် သက်ဆိုင်သည့် အစိတ်အပိုင်းတစ်ခု ကောင်းကင်မှ ပြုတ်ကျလာခဲ့ကြောင်း သတင်းရရှိခဲ့သည်။
 
 
အဆိုပါအစိတ်အပိုင်းမှာ ရှည်မျောလုံးဝန်းသော ပုံသဏ္ဍန်ရှိပြီး  ၁၅ ပေခန့် ရှည်လျှားသည်။ ဖားကန့် ကျောက်စိမ်းတူးဖော်ရာ မိုင်းတွင်းတစ်ခုပေါ်သို့ ပြုတ်ကျလာခဲ့ပြီး တစ်ချိန်ထဲနီးပါးတွင် အနီးနားရှိရွာမှ အိမ်ခေါင်မိုးကို ဖောက်ကာ တရုပ်စာတန်းပါသည့် အစိတ်အပိုင်း အသေးစားတစ်ခုလည်း ကျရောက်ခဲ့ကြောင်းသိရှိရပြီး ကံကောင်းထောက်မစွာဖြင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါ။
 
 
 
ပြုတ်ကျလာခဲ့သည့် အစိတ်အပိုင်းများမှာ လေယာဉ်ပျံ (သို့) အာကာသယာဉ်နှင့် သက်ဆိုင်သော အစိတ်အပိုင်း ဖြစ်ပြီး တာဝန်ရှိသူများက အကြောင်းအရင်းမှန်ကို စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။ 
ယခုမှစ် စက်တင်ဘာလတွင်းက တရုပ်အာကသယာဉ်စခန်းတစ်ခု ကမ္ဘာမြေပြင်ပေါ်သို့ ပြန်လည် ပျက်ကျလာနေကြောင်းကို တရုပ်အာကာသဆိုင်ရာ အဖွဲ့အစည်းမှ ထုတ်ဖော်အသိပေးခဲ့ပြီး ၂၀၁၇ နှစ်တွင် ကမ္ဘာမြေပေါ် ကျမည်ဟု ခန့်မှန်းချက်များ ထုတ်ထားခဲ့ရာ ယခုပြုတ်ကျလာသော အစိတ်အပိုင်းများသည် တရုပ်အာကာသစခန်း အစိတ်အပိုင်းများ ဖြစ်နေခဲ့ပါက မြန်မာပြည်အတွက် စိုးရိမ်စရာတစ်ခု ဖြစ်လာနိုင်ပါလိမ့်မည်။
 
>> တရုပ်အာကသစခန်းတစ်ခု ကမ္ဘာမြေပေါ်သို့ ပြန်ပြုတ်ကျလာနေ
 
Photo:MOI


Follow us on