1. Home
  2. Movie Stars - Celebrity

Donald Trump ကြောင့် မျက်ရည်မဆည်နိုင် ဖြစ်နေရရှာတဲ့ Miley Cyrus

Movie Stars - Celebrity พ.ย. 11, 2559 view 1,518

အမေရိကန်သမ္မတသစ် နေရာအတွက် Hillary Clinton ကို အကြီးအကျယ်ထောက်ခံတဲ့ ဆယ်လီတွေထဲမှာ Miley Cyrus လည်း တစ်ဦးအပါအဝင်ပါပဲ။ တကယ်တမ်းမှာတော့ သူမ မျှော်လင့်သလိုဖြစ်မလာဘဲ Donald Trump က အမေရိကန်သမ္မတဖြစ်လာတဲ့အပေါ် Miley မှာ မျက်ရည်မဆည်နိုင် ဖြစ်သွားရရှာပါတယ်။

သူမရဲ့တွစ်တာပေါ်မှာ ဗီဒီယိုတစ်ခုလည်း တင်ထားခဲ့ပါတယ်။ ဝမ်းနည်းစွာ ငိုကြွေးရင်း Hillary အတွက် စိတ်မကောင်းဖြစ်နေတာကို တွေ့ရပါတယ်။ အမေရိကန်ရဲ့ ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် Hillary Clinton ကို မျှော်မှန်းခဲ့ပေမဲ့ ဖြစ်မလာခဲ့ပါဘူး။ ထရန့်ကိုလည်း သမ္မတအဖြစ် လက်ခံပါတယ်လို့ သူမက ပြောထားပါတယ်။

လက်ရှိသမ္မတ Obama ကိုလည်း အထူးပင်ကျေးဇူးတင်တယ်လို့လည်း Miley Cyrus က ဗီဒီယိုကတစ်ဆင့် ပြောကြားခဲ့ပါတယ်။

Credit:Duwun



Follow us on