1. Home
  2. Myanmar News

နေအိမ်ကူညီပြောင်းပေးသည့် အသက် ၁၂ နှစ်အရွယ် မိန်းကလေး အဓ္ဓမပြုကျင့်ခံရ

Myanmar News พ.ย. 11, 2559 view 1,561
တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် မိုင်းသွေးကျေးရွာတွင် နေထိုင်သော ဦးအောင်သော် အသက် (၅၇) နှစ်က နေအိမ်ပြောင်းရွေ့ရန် လာရောက်ကူညီခဲ့သည့် အသက် (၁၂) နှစ်အရွယ် မိန်းကလေးတစ်ဦးကို  နိုဝင်ဘာလ ၄ ရက်နေ့က အဓ္ဓမပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့သည်။
 
ဦးအောင်သော်သည် အိမ်ပြောင်းရန် ပစ္စည်းများကူညီသိမ်းပေးသည့် မိန်းကလေးကို သူမ၏နေအိမ်သို့ ပြန်ပို့ပေးခဲ့ရာ နေအိမ်၌လူကြီးမိဘများ မရှိသည့်အချိန်နှင့် ကြုံကြိုက်ပြီး မိန်းကလေးကို သူမ၏အိမ်တွင်ပင် အဓ္ဓမသားမယားပြုကျင့်ခဲ့ကြောင်း သိရှိရသည်။
 
မိန်းကလေးမှ မိဘများအား တိုင်ကြားသဖြင့် မိခင်ဖြစ်သူမှ သူမ၏ (၁၂)နှစ်အရွယ် သမီးအဓ္ဓမကျင့်ခံရမှုကို အရေးယူပေးပါရန် နိုဝင်ဘာလ (၇) ရက်နေ့တွင် ကံမော်နယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့သဖြင့် နိုဝင်ဘာလ (၈) ရက်နေ့တွင် တရားခံအား ဖမ်းဆီးနိုင်ခဲ့သည်။
 
တရားခံအား စစ်ဆေးမေးမြန်ပြီးနောက် အသက်(၅၇)နှစ်အရွယ် ဦးအောင်မော်က ပြစ်မှုကျူးလွန်ကြောင်းဝန်ခံခဲ့ပြီး လွန်ခဲ့သော ၁၅ ရက်ခန့်ကလည်း အဓ္ဓမပြုကျင့်မှု တစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ တရားခံ အောင်သော်အား ကံမော်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆/ ၅၅၁ ဖြင့် အမှုဖွင့် အရေးယူလျက်ရှိကြောင်း သိရှိရသည်။
 
Credit:ဖြိုးဝေလင်း
 


Follow us on