ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဟာသလူရွှင်တော် ဦးဧရာသည် ရန်ကုန် အရိုးအထူးကုဆေးရုံးကြီးတွင် အရိုးတီဘီရောဂါကြောင့် ကုသမှုခံယူနေရပြီး ခွဲစိတ်ရန် သင့်မသင့်ကို အခြေအနေစောင့်ကြည့်နေရကြောင်း လူရွှင်တော်အသင်း၏ တွဲဖက်အတွင်းရေးမှူး ပန်းသီးထံမှ သိရှိရသည်။
ခွဲစိတ်ရန် သင့်မသင့်ကို တစ်ပတ်၊ နှစ်ပတ်ခန့် အခြေအနေစောင့်ကြည့်ရမည်ဖြစ်ပြီး လတ်တစ်လောအခြေအနေမှာ အိပ်ယာထဲမှ ထဖို့ရန်ပင် နာကျင်လွန်းသဖြင့် ခက်ခဲနေကြောင်း သိရှိရသည်။ ရောဂါဝေဒနာခံစားနေရသော်လည်း လူရွှင်တော် ဖြစ်သည့်အလျှောက် ရီရီမောမောပင် ရှိနေကြောင်း သိရှိရပြီး လူရွှင်တော် အသင်းမှ နာမကျန်းထောက်ပံ့ငွေ နှစ်သိန်းကျပ် ပံ့ပိုးကူညီခဲ့ကြောင်း သိရှိခဲ့ရသည်။
နိုဝင်ဘာလလယ်ပိုင်းက ဆေးရုံတက်ကာ ဆေးကုသခံယူခဲ့ရပြီး၊ လူမှုကွန်ယက်တွင် ပျံ့နှံ့နေသော ဦးဧရာ ကွယ်လွန်ပြီဆိုသော သတင်းမှာ မမှန်ကန်ကြောင်း လူရွှင်တော်ပန်းသီးမှ ဖြည့်စွက်ပြောခဲ့သည်။
Ref:မြစ်မခမီဒီယာ