1. Home
  2. Myanmar News

ရွှေတိဂုံစေတီတော်ပေါ်တွင် ခါးပိုက်နှိုက်သူ နှစ်ဦးဖမ်းဆီးမိခဲ့

Myanmar News พ.ย. 15, 2559 view 1,485
နိုဝင်ဘာလ ၁၄ ရက်(တန်ဆောင်မုန်းလပြည့်နေ့) ညတွင် ရွှေတိဂုံစေတီတော်နှင့် အနီးဝန်းကျင်တစ်ဝိုက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များသည် လုံခြုံရေးလှဉ့်လည် ဆောင်ရွက်စဉ် ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်၊ ကြားတောရလမ်း၊ ပညာရေးဓမ္မာရုံရှေ့၌ မသင်္ကာဖွယ်ရာ လူနှစ်ဦးတွေ့ရှိရသဖြင့် တာဝန်အရ စစ်ဆေးခဲ့ရာ နှစ်ဦးစလုံးမှာ ဒလမြို့နယ်တွင် နေထိုင်ကြသူများဖြစ်ပြီး  ဆိုးပေ(ခ)မျိုးမောင်မောင်၊ (၂၃)နှစ်နှင့် မျက်မှေး(ခ)မင်းဇော်၊ (၃၂)နှစ်တို့ ဖြစ်ကြသည်။  
 
 
ဆိုးပေ(ခ)မျိုးမောင်မောင် ၏လွယ်အိတ်အတွင်းမှ ငွေကျပ်(၁၁၀၀၀)ပါ ပိုက်ဆံ အိတ်(၁)လုံး၊ အမျိုးသားတစ်ဦး၏ အမည်ပါ ဘဏ်ငွေထုတ်ကတ် (၁)ခုတို့အား တွေ့ရှိရပြီး ဆိုပါငွေနှင့် ပစ္စည်းမှာ ဘုရားဖူးလာသူ အမျိုးသားတစ်ဦးထံမှ အတူတကွ နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည့်အတွက် ပြစ်မှုကျူးလွန်သူ ဆိုးပေ(ခ)မျိုးမောင်မောင်နှင့် မျက်မှေး(ခ)မင်းဇော်တို့ (၂)ဦးအား ဗဟန်းမြို့မရဲစခန်း(ပ) ၃၄၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၇၉(နှိုက်)/၅၄ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
 
 
Ref:YangonPolice
 


Follow us on