1. Home
  2. Myanmar News

မြန်မာ့ထုတ်ကုန်ပစ္စည်း အမျိုးအစား ငါးထောင်ခန့် အမေရိကန်သို့ အကောက်ခွန်မဲ့ တင်ပို့ခွင့်ရ

Myanmar News พ.ย. 15, 2559 view 1,545
အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအား ကုန်သွယ်ရေး အထူးခံစားခွင့်ကို ပြန်လည်ပေးအပ်ခဲ့သည့်အတွက် မြန်မာနိုင်ငံမှ ထုတ်လုပ်သော ကုန်ပစ္စည်းအမျိုးအမည် ၅,၀၀၀ ခန့်ကို အမေရိကန်နိုင်ငံသို့ အကောက်ခွန်ကင်းလွတ်စွာဖြင့် တင်ပို့ခွင့်ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။
 
အမေရိကန်သမ္မတက စက်တင်ဘာလတွင် ကွန်ဂရက်သို့ အသိပေးအကြောင်းကြားခဲ့ပြီး ရက်ပေါင်း ၆၀ လွန်မြောက်ပြီးနောက် မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေး အထူးခံစားခွင့်ကို ပြန်လည်ပေးအပ်ခဲ့ကြောင်း နိုဝင်ဘာလ ၁၃ ရက်နေ့က အမေရိကန်သံရုံး၏ ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်သည်။ 
ယခုကဲ့သို့ အကောက်ခွန်ကင်းလွတ်ခွင့် ရပြီဖြစ်သဖြင့် အမေရိကန်ကို တင်ပို့နေသော အခြားနိုင်ငံမှ ပစ္စည်းများနှင့် ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်ပြီဖြစ်ကြောင်း၊ သို့သော် ကုန်ပစ္စည်း၏ အရည်အသွေးကိုမှု  စံချိန်စံညွှန်းမီအောင် ထုတ်လုပ်ရန် လိုအပ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင် မောင်လေးက ပြောကြားခဲ့သည်။
 
အမေရိကန်ကို ကုန်ပစ္စည်းတင်သွင်းရာ၌ အကောက်ခွန်ကို သက်သာခွင့်ပေးသည်ဆိုသော်လည်း အဆိုပါပစ္စည်းပေါ်တွင် အမေရိကန်က သတ်မှတ်ထားသည့် နိုင်ငံခြားကုန်ကြမ်းအသုံးပြုထားမှုရာခိုင်းနှုန်း စသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီရန်လိုသည့်အတွက် လုပ်ငန်းရှင်များအနေနှင့် အရည်သွေးမီ၊ စံချိန်မီသော ထုတ်ကုန်များကို ထုတ်လုပ်ကြဖို့လိုအပ်ကြောင်း  စီးပွားရေးပညာရှင် ဦးလှမောင်က သုံးသပ်ပြောကြားခဲ့သည်။
 
Ref:ဒီမိုကရေစီတူဒေး


Follow us on