1. Home
  2. Myanmar News

လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်ပြီး မီးလောင်ပေါက်ကွဲ၍ ကားပေါ်ပါလူနှစ်ဦးသေဆုံး

Myanmar News พ.ย. 15, 2559 view 1,626
မွန်ပြည်နယ် ပေါင်မြို့နယ် ကျုံကကျေးရွာရှိ ''ညိုညိုအောင်''စက်သုံးဆီအရောင်းဆိုင် ရှေ့၊တံတားအမှတ် ၃/၁၇၈ အနီးတွင် နိုဝင်ဘာ ၁၃ ရက် ညနေ ၃ နာရီခန့်က လမ်းဘေးဓာတ်တိုင်ကို ကားတစ်စီးမှဝင်တိုက်မိပြီး ကားရှေ့ ခန်းမီးလောင်ပေါက်ကွဲကာ ကား ပေါ်ပါလူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
 
ဖြစ်စဉ်မှာ ရန်ကုန်မှ မော်လမြိုင်သို့ မောင်းနှင်လာသော ယာဉ်အမှတ် YGN 9H/ 9216 AD Van အမျိုးအစား၊ ခဲရောင်မော်တော်ယာဉ်မှာ အရှိန်လွန် မောင်းနှင်မှုကြောင့် လမ်းဘေးဓါတ်တိုင်အား ဝင်ရောက်တိုက်မိရာမှ ကားအရှေ့ခန်းမီးလောင်ပေါက်ကွဲခဲ့ပြီး လူသေဆုံးမှုဖြစ်ခဲ့ခြင်း ဖြစ်သည်။ 
 
 
''ကားက ရန်ကုန်ဘက်ကနေလာတာ ဓာတ်တိုင်ကိုဝင်တိုက်တဲ့ အရှိန်ကပြင်းတော့ ရှေ့ခန်းကဘက် ထရီအိုးပေါက်ကွဲပြီး ဆီပိုက်လိုင်း တစ်လျှောက်မီးထလောင်တာ သေသူနှစ်ဦးကတော့ မီးလောင်ပြီးသေ တာထက် တိုက်တဲ့အရှိန်နဲ့ တစ်ခါတည်းသေတာဖြစ်ဖို့များတယ်။ သေတဲ့သူဘယ်သူဘယ်ဝါကတော့ စုံစမ်း နေဆဲပါ''ဟု ပေါင်မြို့နယ် မီးသတ်တပ်ဖွဲ့မှူး ဦးစိုးကျော်သူက ပြောသည်။ 
 
 
အဆိုပါ ကားမီးလောင်မှုကို ပေါင်မြို့နယ် မီးသတ်မှ မီးသတ်ယာဉ် သုံးစီးဖြင့်ငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းနိုင်ခဲ့ပြီး သေဆုံးသူနှစ်ဦးအား မှုခင်းဆေးစာဖြင့် မုတ္တမတိုက်နယ်ဆေးရုံသို့ ပို့အပ်ခဲ့သည်။
 
ယာဉ်တိုက်မှုကြောင့် ဓါတ်တိုင်မှာ နှစ်ပိုင်းပြတ်လဲကျခဲ့ပြီး ကားရှေ့ ပိုင်းပျက်စီးကာ ယာဉ်ပေါ်ပါသူနှစ် ဦးသေဆုံးခဲ့ပြီး ကာလတန်ဖိုး ကျပ်သိန်း ၆ဝ ခန့် ဆုံးရှုံးခဲ့သည်။ အဆိုပါယာဉ်တိုက်မှုတွင် သေဆုံးသူနှစ်ဦး မည် သူဖြစ်သည်ကို စုံစမ်းနေဆဲဖြစ်ပြီး ကားမီးလောင်ကျွမ်း၍ လူသေဆုံးအောင် မောင်းနှင်သူ ယာဉ်မောင်း အမည်မသိအမျိုးသား (သေဆုံး)အား အရေးယူပေးပါရန် ဒုရဲအုပ်မြင့်ကြိုင်မှ တိုင်ကြားသဖြင့် နမစ(မုတ္တမ) ယာဉ် (ပ)၃၇/၂ဝ၁၆ ရာဇသတ်ကြီး ပုဒ်မ ၃ဝ၄-က/၂၈၅ ဖြင့် မုတ္တမနယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
 
Credit:ဒီမိုကရေစီတူဒေး
 


Follow us on