1. Home
  2. Myanmar News

စလစ်ဈေးနှုန်းများ ပိုမိုမြင့်တက်လာပြီး ကားဈေးကွက်အတွင်း အရောင်းအဝယ်အေးနေ

Myanmar News พ.ย. 15, 2559 view 1,603
နိုဝင်ဘာလလယ်မှ စတင်ကာ ရန်ကုန်ကားဈေးကွက်အတွင်း စလစ်ဈေးနှုန်းများ ကျပ်နှစ်သိန်းနီးပါး ထပ်မံမြင့်တက်ခဲ့ပြီး ကားအရောင်းအဝယ် ပါးနေကြောင်း ယာဉ်ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရှိရသည်။
 
အောက်တိုဘာလနောက်ဆုံးပတ် စလစ်ဈေးနှုန်း ကျပ် ၁ဝ၆ သိန်းဝန်း ကျင်မှ နိုဝင်ဘာလပထမပတ်တွင် စလစ်ဈေးနှုန်းများမှာ ကျပ် ၁ဝ၈ သိန်း ဝန်းကျင်ခန့်အထိ မြင့်တက်လာနေပြီး ယခုနိုဝင်ဘာ ၁၂ ရက်တွင် စလစ် ဈေးနှုန်းမှာ ကျပ်သိန်း ၁၁ဝ အထိ ထပ်မံမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့ စလစ်ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ၂၀၁၆ ခုနှစ်အကုန်ပိုင်း နောက်ဆုံးထားပြီး အပ်ကုန်စနစ်(Consignment) နှင့် တင်သွင်းထားသော မော်တော်ယာဉ်များကို လိုင်စင်ရှိရန် သတ်မှတ်ထားခြင်းကြောင့် ဖြစ်သည်ဟု မော်တော်ယာဉ်ဝယ်ရောင်း လုပ်ကိုင်သူ ဦးဇော်သန့်မှ ပြောပြသည်။
 
ကားဈေးနှုန်းများမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းများနှင့်လည်း ဆက်စပ်နေပြီး၊ ရန်ကုန်လိုင်စင်နံပါတ်ပြား (YGN) က အခြားနယ်လိုင်စင် နံပါတ်များထက် ကျပ် ၁၅ သိန်း၊ သိန်း ၂၀ ခန့်ဈေးနှုန်းကွာဟလျက်ရှိကာ လတ်တလောတွင် Probox, Belta, Wish ကားအမျိုးအစားများ အနည်းငယ် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။ 
 
Ref:ဒီမိုကရေစီတူဒေး
 


Follow us on