1. Home
  2. Movie Stars - Celebrity

တစ်ကိုယ်တော် ဖျော်ဖြေပွဲစီစဉ်နေတဲ့ ဂရေဟမ်

Movie Stars - Celebrity พ.ย. 15, 2559 view 1,830

သမီးဖြစ်သူ ပန်းရောင်ခြယ်နဲ့အတူ ‘Wake Up’ စီးရီးခွေကို ဒီဗီဒီထွက်ဖို့ အကောင်းဆုံး ကြိုးစား ပြင်ဆင်နေပြီဖြစ်ကြောင်းပြောကြားထားပါတယ်။ အလတ်တလောမှာ ရှိုးတွေသွားဖြစ်နေပြီး တစ်ကိုယ်တော် ရှိုးလုပ်ဖို့လည်း စိတ်ကူးထားကြောင်း သိရပါတယ်။

“ သမီးနဲ့အတူ ဒီဗီဒီကို အကောင်းဆုံးလုပ်ပြီး ပရိသတ်ကို ပေးချင်ပါ တယ်။ ဒီဗီဒီခွေကို နိုဝင်ဘာလမှာထွက်ရှိဖြစ်ပြီး သီချင်း က ၁၄ ပုဒ်ပါဝင်မှာ ဖြစ်ပါတယ်။ သမီးနဲ့အတူ အတွဲခွေလုပ်တာ ပထမဆုံး စီးရီးခွေဖြစ်ပြီး ပေါ့ပ် အမျိုးအစား တွေပါပဲ ။ စီဒီခွေမှာလည်း အားပေး မှုတွေရရှိခဲ့ပါတယ်”လို့ ဂရေဟမ်က ပြောထားပါ တယ်။..

“အဆိုပြိုင်ပွဲတွေက တအားများနေပြီ။ သီချင်း ဆိုချင်တဲ့ လူတွေလည်း များပါတယ်။ အခွင့်အရေးရသွားတဲ့လူတွေလည်း များပါတယ်။ ဒီဘက်ခေတ် မှာ လူငယ်တွေအတွက် အခွင့်အရေး တကယ်ကိုကောင်းလာပါပြီ။ အဲဒီ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ရင်တော့ ကောင်းပါတယ်။ ကောင်းတဲ့ အလား အလာလို့ပဲ ပြောရမှာပါ” လို့ အဆိုပြိုင်ပွဲတွေများလာပြီး လူငယ် အဆိုရှင်တွေပေါ် ထွက်လာတဲ့အပေါ် ကို ပြောပြသွားပါတယ်။

Credit:popular 



Follow us on