1. Home
  2. Movie Stars - Celebrity

တစ်သက်တာ အော်စကာဆုရသွားတဲ့ Jackie chan

Movie Stars - Celebrity พ.ย. 16, 2559 view 1,536

ကမ္ဘာကျော်သရုပ်ဆောင် jackie chan သည် ယခုနှစ် Governors Awards တစ်သက် တာအော်စကာဆုကို လက်ခံရရှိ ခဲ့သည်။ အသက် (၆၅) နှစ်အရွယ် jackie chan သည် ရုပ်ရှင်ဇာတ်ကားပေါင်း ၂၀၀ ကျော်ကို ရိုက်ကူးသရုပ်ဆောင်ခဲ့သည်။ အဆိုပါဆုပေးပွဲအခမ်းအ နားသို့ jackie chan နှင့်အတူ RushHour ဇာတ်ကားသရုပ်ဆောင် Chris Tucker လည်း တက်ရောက် အားပေးခဲ့သည်။

အော်စကာဆုကို လက်ခံခဲ့ သော jackie chan က ‘‘တစ်ကမ္ဘာ လုံးမှာရှိတဲ့ ကျွန်တော့်ပရိသတ် တွေကို ကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆိုတော့ ရုပ်ရှင်ရိုက် တာ။ ပြတင်းပေါက်ကနေ ခုန်ထွက်တာ၊ နောက်ပြီး ခြေထောက် နဲ့ ကန်တာ၊ လက်သီးနဲ့ ထိုးတာ ကျွန်တော့်အရိုးတွေ ကျိုးတာ။ ဒါတွေဆက်လုပ်နေရတဲ့ အ ကြောင်းရင်းက ပရိသတ်တွေ အားပေးမှုကြောင့်ပါပဲ။ ကျေးဇူးအများ ကြီးတင်ပါတယ်’’ဟု ပြောကြားခဲ့ပါတယ်။

တစ်သက်တာ အော်စကာဆုကို ရုပ်ရှင်တည်းဖြတ်သူ အမျိုးသမီးကြီ်းAnne V Coates ၊ တည်းဖြတ်ဒါရိုက်တာ Lynn Stalmaster နှင့် မှတ်တမ်းရုပ်ရှင်ရိုက် ကူးသူ Frederick Wiseman တို့ လည်း အသီးသီးချီးမြှင့်ခံ၇ပါတယ် ။

Credit:7Day



Follow us on