လူမှုကွန်ယက်စာမျက်နှာ အွန်လိုင်းပေါ်မှာ သမီးဖြစ်သူတင်လိုက်တဲ့ ဓါတ်ပုံထဲက ပုံစံအတိုင်း လိုက်တုပြီး ဖခင်ဖြစ်သူကလည်း ဓါတ်ပုံတွေ တင်ခဲ့ပါတယ်။ ကတ်စီမာတင်ရဲ့ ဖခင်ဖြစ်သူ အသက် ၄၈ နှစ်အရွယ် “ဘားမာတင်” ဟာ သမီးတင်သမျှ ဓါတ်ပုံတွေနဲ့ တူအောင် လိုက်တုပြီးတင်ရာမှ အွန်လိုင်းပေါ်မှာ သမီးဖြစ်သူရဲ့ ပရိသတ်ထက် နှစ်ဆပိုများလာပြီး ဖော်လိုဝါ တစ်သိန်းကျော် ရလာခဲ့သူပါ။
အွန်လိုင်းမှာ တစ်ယောက်ယောက်က ကိုယ့်ပုံထဲကအတိုင်း လိုက်လုပ်နေရင် ဘယ်လိုခံစားရမလဲ စဉ်းစားကြည့်ပါ။ အခုပိုဆိုးတာက ကိုယ့်အဖေကိုယ်တိုင် ဖြစ်နေလေတော့…
သမီးအတိုင်းလိုက်ရှုပ်ထားတဲ့ ဖခင်ရဲ့ ပုံလေးတွေကို သုံးသပ်ကြည့်ပါဦး…