1. Home
  2. Movie Stars - Celebrity

၁၈ ဂဏန်းနဲ့ တွဲမှတ်မိစေဖို့ နိုဝင်ဘာ ၁၈မှာ တစ်ကိုယ်တော်အခွေ ဖြန့်ချိမယ့် ဥက္ကာမင်းမောင်

Movie Stars - Celebrity พ.ย. 16, 2559 view 1,590

‘‘ကျွန်တော့်ကို ချစ်တဲ့လူတွေ ၁၈ ဂဏန်းကိုမြင်တိုင်း မှတ်မိစေ ချင်လို့ တမင်လုပ်တာ။ ဘာပဲလုပ် လုပ် ၁၈ချည်းပဲလုပ်တယ်။ ကျွန် တော်က ၁၈ရက်နေ့မှာ မွေးတာ ရော၊ အနုပညာလောကကို ၁၈ နှစ်သားမှာ ၀င်လာခဲ့တာရောပေါ့’’လို့လဲ ပြောထားပါတယ်။

အခွေနာမည်ကိုလည်း 18 လို့ အမည်ပေးထားပြီး ရှေ့မှာ စင်ဂယ်အနေနဲ့ ခုနှစ်ပုဒ် ထွက်ထားပြီး အဲ့ဒိ သီချင်းတွေလဲ ပြန်ပါမှာ ဖြစ်ပါတယ် ။ အခွေကို စီစဉ်နေတာ တစ်နှစ်ခွဲလောက် ရှိနေပီလဲ ဖြစ်ပါတယ်။ ကိုယ် တိုင်ရေးထားသည့် သီချင်းတွေ ပါဝင် ပြီး အေးချမ်းမေ၊ ငယ်ငယ်၊ စန္ဒီ မြင့်လွင်နှင့် သဇင်တို့က ပါဝင်သီ ဆိုပေးထားပါတယ်။

၁၈ အမည် နှင့် အမှတ်တရပစ္စည်းတွေ ထုတ်သွားမှာဖြစ်ပြီး ပထမဆုံး လက်ကိုင်ပ၀ါကို အကန့်အသတ်ထုတ်ပြီး ရရှိတဲ့ အမြတ်ငွေကို ပရဟိတ လုပ်ငန်းတွေမှာ လှူဒါန်ူသွားမှာလဲ ဖြစ်ပါတယ်။

ဒီဇင်ဘာအတွင်း ဖိလစ်ပိုင် နိုင်ငံတွင် Mister Tourism World 2016ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ် စားပြုအဖြစ် သွားရောက်ယှဉ် ပြိုင်ရန်အစီအစဉ်ရှိပြီး ဒီဇင်ဘာ ၃ရက်တွင် ဖိလစ်ပိုင်နိုင်ငံသို့ သွား ရောက်မှာလဲ ဖြစ်ပါတယ် ။

Credit:7Day



Follow us on