1. Home
  2. Special or Others

လာမယ့်နှစ်မှာ မျက်နှာပြင်ပြည့် Display နဲ့ ၁၀.၉ လက်မအကျယ်ရှိတဲ့ iPad ကို Apple ထုတ်လုပ်မည်

Special or Others พ.ย. 16, 2559 view 1,521

-Apple ဟာဆိုရင်တော့ သူတို့ရဲ့ iPad ရောင်းအား ကျဆင်းလာမှုကို ပြန်ပြီး ထိန်းသိမ်းနိုင်ဖို့အတွက် အတော်လေးကို ကောင်းမွန်မယ့် iPad တစ်လုံးကို လာမယ့်နှစ်အတွင်းမှာ ထုတ်လုပ်ဖို့ ကြံရွယ်လျက်ရှိနေတယ်လို့ သိရပါတယ်။

-Apple ဟာဆိုရင်တော့ လာမယ့် မတ်လအတွင်းမှာ iPad အမျိုးအစားသစ်သုံးမျိုးအထိ ထပ်မံထုတ်လုပ်ဖို့ ရည်ရွယ်ထားပြီး Tablet လောကမှာ iPad ခေတ် ပြန်ရောက်လာအောင် ကြိုးစားသွားဖွယ်ရှိနေပါတယ်။

-Apple ဟာဆိုရင်တော့ လောလောဆယ် ဈေးကွက်တွင်းမှာ ဖြန့်ချိထားတဲ့ ၉.၇ လက်မနဲ့ ၁၂.၉ လက်မ အရွယ် iPad Pro မော်ဒယ်တွေကို ပြန်လည် ဆန်းသစ်ပြီး iPad အသစ်တွေကို ထုတ်လုပ်လာဖွယ်ရှိနေပါတယ်။

Apple ကတော့ မျက်နှာပြင်ပြည့် display နဲ့ ၁၀.၉ လက်မ အရွယ် iPad ကိုတော့ နောက်ဆုံးထွက်ရှိလာမယ့် iPhone 8 နဲ့ အတူ တစ်ပါတည်း မိတ်ဆက်ဖို့ ပြင်ဆင်လျက်ရှိနေတယ်လို့ သိရပါတယ်။ Apple ဟာဆိုရင်တော့ iPad ရောင်းအားဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ကွာတားပတ်မှာ ငါးနှစ်အတွင်း အဆိုးဆုံးဖြစ်ခဲ့တာကြောင့် လူတွေကို ဆွဲဆောင်နိုင်မယ့် လုပ်ဆောင်ချက်တွေနဲ့ iPad ကို မိတ်ဆက်သွားဖို့အတွက် CEO တင်မ်ကွတ်ခ်က မှာကြားထားတယ်လို့ သိရပါတယ်။ Apple ဟာဆိုရင်တော့ Tablet တွေကြားမှာ အကောင်းဆုံးဖြစ်လာမယ့် ဒီဇိုင်းအပြင်အဆင်နဲ့ iPad တွေကို မိတ်ဆက်သွားဖွယ်ရှိနေပြီး iPad Mini 4 ကိုလည်း ပြန်လည် ဆန်းသစ်ထုတ်လုပ်ဖို့ ကြိုးစားလျက်ရှိနေတယ်လို့လည်း သိရပါတယ်။

Credit : digitaltimes



Follow us on