1. Home
  2. Special or Others

ဒရုန်းလေယာဉ်နဲ့ စောင့်ကြည့်မှ ဇနီးသည်ရဲ့ဖောက်ပြန်မှုကို ပက်ပင်းမိခဲ့

Special or Others พ.ย. 16, 2559 view 1,661
ဇနီးသည်ကို မသင်္ကာဖြစ်နေသော ယောက်ျားဖြစ်သူက ဒရုန်းလေယာဉ်လွှတ်တင်ပြီးနောက် ခြေရာခံလိုက်ကြည့်ရာ သူ၏ အိမ်နီးနားချင်းတစ်ဦးနှင့် ဖောက်ပြန်နေကြောင်း တွေ့ရှိရသဖြင့် ဝမ်းနည်းပက်လက်ဖြစ်ကာ ဒေါသအိုးပေါက်ကွဲပြီးနောက် အဆိုပါ ဗီဒီယိုကို YouTube ပေါ်သို့ တင်ပြီး အရှက်ခွဲခဲ့ပါတယ်။
 
၁၈ နှစ်ကြာအောင် တည်တံ့ခဲ့တဲ့ သူတို့ရဲ့ အိမ်ထောင်ရေးသက်တမ်းဟာ လွန်ခဲ့တဲ့ တစ်ပတ် နှစ်ပတ်လောက်က စတင်ပြီး အမျိုးသမီးဖြစ်သူထံ ဖုန်းတွေ မကြာခဏလာခဲ့ပြီးနောက်၊ အလုပ်ကိုလည် အမြဲအချိန်စောစော သွားတာကြောင့် မသင်္ကာဖြစ်ပြီး နှစ်ကြိမ်တိုင်တိုင် နောက်က လိုက်လံ ချောင်းမြောင်းခဲ့သော်လည်း မိန်းမဖြစ်သူမှာ အလုပ်သို့ပင် သွားတာကို တွေ့ခဲ့ရပါတယ်။ သူကပဲ ကံမကောင်းတာလား၊ သူ့မိန်းမကပဲ လှည့်ဖျားနေတာလားဆိုတာ သိရအောင် ကိုယ်တိုင် လိုက်မချောင်းတော့ပဲ ဒရုန်းလွှတ်တင်ကြည့်လိုက်တဲ့အခါမှ အဖြစ်မှန်ကို သိခဲ့ရတာဖြစ်ပါတယ်။
 
 
Ref:Metro


Follow us on