1. Home
  2. Movie Stars - Celebrity

ကိုယ်ပိုင်အမှတ်တံဆိပ် ပစ္စည်းထုတ်မယ့် အိမ့်ချစ်

Movie Stars - Celebrity พ.ย. 16, 2559 view 1,502

အနုပညာများစွာ ကိုယ်ပိုင်အမှတ်တံဆိပ်များနဲ့ ထုတ်လုပ်နေတဲ့ အချိန်မှာ အဆိုတော် အိမ့်ချစ်ကလည်း သူမရဲ့ မိန်းကလေး ပရိသတ်များအတွက် ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ဖက်ရှင်ပစ္စည်းတွေ ထုတ်တော့မယ်လို့ သိရပါတယ်။ 

ဖက်ရှင်ကို စိတ်ဝင်စားတဲ့ အိမ့်ချစ်က Emily တံဆိပ်နဲ့ ဖက်ရှင်ပစ္စည်းတွေကို ထုတ်သွာမယ်လို့ ပြောထားပါတယ်။ ကိုယ်ပိုင်အမှတ်တံဆိပ်ထုတ်ဖို့ကို မနှစ်ကတည်းက စီစဉ်နေခဲ့ပေမဲ့ ဂီတဘက်ကို အချိန်ပေးနေတာကြောင့်အကောင်အထည် မဖော်နိုင်သေးဘဲ ဖြစ်နေတာလဲ ဖြစ်ပါတယ်။

Emily တံဆိပ်ဟာ အိမ့်ချစ်ရဲ့ ကိုယ်ပိုင်သီးသန့် Brand တစ်ခုလည်း ဖြစ်သလို စီးပွားရေး တစ်ခုအနေနဲ့ လုပ်မှာ ဖြစ်ပြိး ၂၀၁၇ခုနှစ်လောက်မှာ ထွက်ဖို့ မှန်းထားတယ်လို့ သိရပါတယ်။

Credit:Duwun



Follow us on