မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဒေးဝန်အရှေ့ရပ်ကွက် ၈၆ လမ်း ၃၅ လမ်းနှင့် ၃၆ လမ်းကြားတွင် ကလေးတစ်ယောက်နှင့်အတူ မင်္ကာဖွယ်တွေရှိသူ မအုန်းလုံး အသက်(၁၂) မြို့သစ် (ဃ/၁၀) ရပ်ကွက် ချမ်းမြသာစည်မြို့နယ်နေသူအား ခေါ်ယူစစ်ဆေးခဲ့ရာ ကလေးငယ်ကို ခိုးယူလာခဲ့ကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့က ပေါ်ပေါက်ခဲ့ကြောင်းသိရသည်။
"ကလေးငယ်အချင်းချင်း မသင်္ကာဖွယ်တွေ့ရပါတယ်။ မအုန်းလုံးက အသက် ၁၂ နှစ်အရွယ်ပဲရှိသေးတယ်။ မိဘတွေက ကလေးအချင်းချင်း လမ်းပေါ်လွတ်ထားတယ်ထင်တာ။ ကူညီလိုရရင် ကူညီပေးဖို့ ရတနာဘုမ္မိအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ယူစစ်ဆေးမေးမြန်းလိုက်တော့မှ မန္တလေးမြို့
မဟာအောင်မြေ ကျောက်မျက်ရတနာဈေးအနီးရှိ စိန်ဝင်းဝင်းကဖေးက အလုပ်သမား ဦးဇော်ဇော်နဲ့ဒေါ်ချိုချို တို့ရဲ့သား မောင်ကောင်းသန့်ဇင် (၃ နှစ်) ဖြစ်နေတာ စစ်ဆေးတွေ့ရှိခဲ့တယ်။
မအုန်းလုံးက ပလပ်စတစ်ကောက်ရင်းကနေ ကလေးတွေ့တာနဲ့ ခေါ်ယူခဲ့တာလို့ ပြောတယ်” ဟု တာဝန်ရှိသူတဦးကပြောသည်။
အဆိုပါဖြစ်စဉ်အား မဟာအောင်မြေမြို့နယ် အမှတ်(၉)မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်မိုးဝင်းစိန်နှင့်အဖွဲ့က ခေါ်ယူစစ်ဆေးမေးမြန်းရာမှ ပေါ်ရောက်ခဲ့ခြင်းဖြစ်သည်။
မောင်ကောင်းသန့်ဇင်ကို မိဘနှစ်ပါးထံ ပြန်လည်အပ်နှံခဲ့ပြီးဖြစ်ကြောင်း ဆက်လက်အရေးယူနိုင်ရန်အတွက် ကလေးသူငယ်ရဲတပ်ဖွဲ့စုမှ ရဲအုပ်သိန်းဇော်ထံသို့ လွှဲပြောင်းပေးအပ်ပြီးကလေးသူငယ်ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
Credit:NewsWatch