1. Home
  2. Special or Others

တရုတ်အဖွဲ့က စက္ကန့်၆၀အတွင်း hack ပြခြင်းခံလိုက်ရတဲ့ Google Pixel

Special or Others พ.ย. 16, 2559 view 1,703

-Google ရဲ့ ဖုန်းအသစ်ဟာ စက္ကန့်၆၀အတွင်းမှာပဲ တရုတ်အဖွဲ့တစ်ခုရဲ့ hack ခြင်းကို ခံလိုက်ရပါတယ်။ 

-တောင်ကိုးရီးယား ဆိုးလ်မြို့ရဲ့ hacking competition ကို PwnFest မှာ ကျင်းပရာ Qihoo 360 လို့ခေါ်တဲ့ white-hat hackers အဖွဲ့ဟာ Pixel ပေါ်မှာ remote code execution အသုံးပြုခွင့်ပေးနိုင်တဲ့ exploit တစ်ခုကို ပြသခဲ့ပါတယ်။

စက္ကန့်၆၀အတွင်းမှာပဲ အဲဒီအဖွဲ့ဟာ zero-day vulnerability ကို အသုံးပြုပြီး code ကို install လုပ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Google ဟာ အဲဒီ device ကို ရယူလိုနေပါတယ်။ အဲဒီ exploit ကို Google Play Store ပေါ်မှာ launch လုပ်ခဲ့ပြီး Google ရဲ့ မိုဘိုင်းလ်ဗားရှင်းအဖြစ်ထုတ်လုပ်ထားတဲ့ Chrome ပေါ်မှာ “Pwned by 360 Alpha Team.” ဆိုတဲ့ စာသားကို ရေးသားခဲ့ပါသေးတယ်။ Qihoo 360 ဟာ hack နိုင်ခဲ့တဲ့အတွက် ဆုကြေးငွေ $120,000 ကို ရရှိခဲ့ပြီး Google ကို သူတို့ဘယ်လိုလုပ်ဆောင်ခဲ့သလဲဆိုတဲ့ ကြိုးစားခဲ့ပုံတွေကို ပြန်လည်ပေးအပ်ခဲ့ကြပါတယ်။ အဲဒီအဖွဲ့ဟာ Microsoft ရဲ့ Windows 10 မှာရှိနေတဲ့ vulnerabilities တွေကို ပြသပြီးတဲ့နောက်မှာ ဆုကြေးငွေ $520,000 ကို ရရှိထားသေးတယ်လို့ အားလုံးက ပြောကြပါတယ်။ ပြီးတော့ Adobe Flash ပေါ်မှာ အခုထိအလုပ်လုပ်နေသေးပြီး ဆယ်စုနှစ်ကြာနေတဲ့ exploit တစ်ခုကိုလည်း ပြသခဲ့ပါတယ်။

Credit : myanmarmobileapp



Follow us on