1. Home
  2. Movie Stars - Celebrity

တတိယမြောက် studio album အတွက် Music Video ရိုက်ကူးနေပြီ ဖြစ်တဲ့ Big Bang

Movie Stars - Celebrity พ.ย. 16, 2559 view 1,525

Big Bang အဖွဲ့ဟာ သူတို့ရဲ့ ခြေလှမ်းသစ်တစ်ခုအနေနဲ့ Music Video ရိုက်ကူးမှုတွေ စတင်နေပြီလို့ နိုဝင်ဘာ 15ရက်နေ့မှာပြောကြားသွားပါတယ်။ "MADE" ပရောဂျက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ တတိယမြောက် studio alubm အတွက် Big Bang အဖွဲ့ဟာ ဒီနှစ်ကုန်ပိုင်းလောက်မှာ ထွက်ရှိလာနိုင်အောင် အပြင်းအထန်ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

Music Video ရိုက်ကူးနေမှုကြောင့် album ထွက်ရှိမယ့်နေ့ကို ရွှေ့ဆိုင်းထားပြီး အတည်ပြုမကြေညာနိုင်သေးပေမယ့် နိုဝင်ဘာလကုန် ဒါမှမဟုတ် ဒီဇင်ဘာ လဆန်းပိုင်းမှာ ထွက်ရှိနိုင်ဖို့ လျာထားတယ်ဆိုပြီး ပြောကြားထားပါတယ်။ Big Bang member "TOP" စစ်မှုမထမ်းခင် ထွက်ရှိလာမှာဖြစ်တာကြောင့် " Big Bang " ရဲ့ နောက်ဆုံး album တစ်ခုအဖြစ် စိတ်ဝင်စားမှု အများအပြားရရှိထားပါတယ်။

Credit:Kpop for myanmar



Follow us on