1. Home
  2. Special or Others

သင်္ချုင်းဂူထဲမှ အသက်ပြန်ရှင်လာသော ၁၆ နှစ်အရွယ် ကိုယ်ဝန်ဆောင် ဆေးရုံရောက်မှ သေဆုံး

Special or Others พ.ย. 16, 2559 view 1,639
ကိုယ်ဝန် ၃ လွယ်ထားရသော ၁၆ နှစ်အရွယ် “နေစီပရက်စ်” အမျိုးသမီးငယ်သည် နေအိမ်ပြင်ပ တစ်နေရာတွင် ထိန့်လန့်ဖွယ်ရာ တိုက်ခိုက်ခြင်း ခံခဲ့ရတာကြောင့် မူးမေ့လဲကျခဲ့ပြီး ပါးစပ်မှ အမြုတ်တစီစီထွက်နေသဖြင့် ဆွေမျိုးသားချင်းများက သရဲဝင်ပူးသည်ဟု ယူဆခဲ့ကြသည်။
 
ဆေးရုံသို့ပို့ပြီး သုံးနာရီခန့်အကြာတွင် သေဆုံးသွားကြောင်း ဆရာဝန်က ကြေညာခဲ့သည်။ သူမ၏ ဈာပနပြီးလို့ နောက်တစ်ရက်အကြာတွင် ခင်ပွန်းဖြစ်သူက သူမ၏ အုတ်ဂူဆီကို လာရောက်ခဲ့ရာတွင် အုတ်ဂူတွင်းမှ ဗလုံးဗထွေး အသံများကြားရသဖြင့် သင်္ချိုင်းစောင့်ကို ခေါ်ကာ အုတ်ဂူကို ဖျက်၍ ခေါင်းတလားကို နီးစပ်ရာဆေးရုံသို့ အမြန်သယ်သွားခဲ့ကြသည်။ မှန်ခေါင်းတလားကို ဖွင့်ဖို့ ကြိုးစားခဲ့သည့်အတွက် သေသူ၏ လက်ဖျားထိပ်တွင် ပွန်းပဲ့ဒဏ်ရာများတွေ့ရသကဲ့သို့ အခေါင်း၏ မှန်များ အက်နေသည်ကို တွေ့ခဲ့ရကြောင်း ဆွေမျိုးများက ပြောပြသည်။
 
 
သို့သော် ဆေးရုံရောက်သည့်အချိန်တွင်မူ သေဆုံးသွားခဲ့သည်။ “နေစီပရက်စ်” တိုက်ခိုက်ခံရစဉ်က ထိန်လန့်တကြားဖြစ်သွားသည့်အတွက် နှလုံးခေတ္တမျှရပ်သွားခဲ့ပြီး ကြွက်သားရဲ့ အာရုံခံစနစ်များလည်း ခဏတာပြတ်တောက်သွားခဲ့ပုံရကြောင်း ဆရာဝန်က မှတ်ချက်ပေးခဲ့သည်။
နောက်တစ်ဖန် ပြန်၍ သတိလည်လာချိန်တွင် ခေါင်းတလားအတွင်း ရောက်နေခဲ့ပြီး အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် အမှန်တစ်ကယ် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။
 


Follow us on