မွန်ပြည်နယ်၊ သထုံမြို့မရဲစခန်းတွင်ဖမ်းဆီးခံထားရသည့် ခိုးမှုသံသယတရားခံအား အသက်သေဆုံးသည်အထိ စစ်ဆေးခဲ့သော သထုံခရိုင်မှုခင်းအကူဌာနမှ ဒုတိယရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင်(၇)ဦးကို နိုဝင်ဘာ ၁၅ ရက်ထိ အပြီးသတ်လျှောက်လဲချက်ရုံးချိန်းပေါင်း (၃၀)ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ကာ နိုဝင်ဘာ ၂၃ ရက်တွင် အပြီးသတ်အမိန့် ချမှတ်သွားမည်ဖြစ်ကြောင်း သထုံခရိုင်တရားရုံးမှ သိရှိရသည်။
“အခု သူတို့ဖက်ကသတ်ပါတယ်လို့ ဘယ်သူမှဝန်မခံဘူး။ သူတို့ဖက်က အပြစ်မရှိဘူး။ လွှတ်ပေးပါလို့ပဲပြော တယ်။ ဒါက သူတို့အခွင့်အရေး၊ ပြောလို့ရပါတယ်။ ဒါပေမယ့် စီရင်ထုံးအရတော့ သေဆုံးတာပေါ်လွင်နေပြီ။ ဒီ တော့ ဥပဒေအရအပြစ်ရှိတဲ့အတွက် ထိုက်သင့်တဲ့အပြစ်တော့ခံရမှာပါ။”ဟု သထုံခရိုင်ဥပဒေအရာရှိ ဦးတင် မောင်ကပြောသည်။
၂၀၁၆ ခုနှစ် မတ် ၂ ရက်က သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ ချမ်းမြေ့တည်းခိုခန်းတွင် ငွေကျပ်သိန်း (၁၁၀)ကျော် ပျောက်ဆုံးမှု သံသယဖြင့် အချုပ်အနှောင်ခံထားရသည့်တည်းခိုခန်းမန်နေဂျာ ကိုကျော်သက်အောင်(၃၂)နှစ်ကို ခရိုင်မှုခင်းအကူဌာနမှရဲများကစစ်ဆေးစဉ် အသည်းပေါက်ပြဲဒဏ်ရာဖြင့် ဝမ်းဗိုက်အတွင်းသွေးယိုစိမ့်၍ သွေး ထွက်လွန်ကာ သေဆုံးရခြင်းဖြစ်ပြီး ရရှိသောဒဏ်ရာမှာ တုံးသောအရာဝတ္တုနှင့် ရိုက်နှက်မှုကြောင့်ဟု သထုံ ခရိုင်ဆေးရုံ၏ ဆေးစာပြန်ကြားချက်အရ သိရသည်။
“အခုဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး တရားရုံးက ဥပဒေနဲ့အညီ တရားမျှတစွာစီရင်ဆုံးဖြတ်ပါစေလို့ ဆုတောင်းပါ တယ်။ ဥပဒေနဲ့အညီလည်း ဆုံးဖြတ်စေချင်ပါတယ်။ အခုစစ်ဆေးနေတဲ့ကာလမှာ ကျွန်မတို့က တစ်ရက်မပျက် ရုံးကိုလာပြီးလေ့လာပါတယ်။ ကျွန်မတို့က အမှန်အတိုင်းပဲဖြစ်စေချင်တယ်။”ဟု သေဆုံးသူ၏ဇနီးဖြစ်သူ မနန်း သီတာလှိုင်ကပြောသည်။
လူသေဆုံးအောင်စစ်ဆေးသော သထုံခရိုင်မှုခင်းအကူဌာနမှ ဒုတိယရဲအုပ် လှိုင်ဝင်းထွန်းပါ ရဲတပ်ဖွဲ့ဝင်(၇)ဦး အား သထုံမြို့မစခန်းမှူး ဒုတိယရဲမှူးထွန်းသိန်းတရားလိုပြုလုပ်၍ သေမှုသေခင်းအမှတ်စဉ် ၅ /၂၀၁၆၊ (ပ) ၁၅၇/၂၀၁၆၊ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂ /၁၁၄ ဖြင့်တရားစွဲဆိုခဲ့ပြီးနောက် (၅)ကြိမ်မြောက်ရုံးချိန်းတွင် ပုဒ်မ၃၀၂(၂) ဖြင့် သထုံခရိုင်တရားရုံးမှစွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
Credit:မြစ်မခမီဒီယာ