1. Home
  2. Myanmar News

အင်းယားကန်ဘောင်ရှေ့တွင် ဒိုင်နာယာဉ်တိမ်းမှောက်ပြီး ယာဉ်မောင်း ဦးခေါင်းပွင့်သေဆုံး

Myanmar News พ.ย. 17, 2559 view 1,538
လှိုင်မြို့နယ် ပြည်လမ်းမ အင်းယားကန်ဘောင်ရှေ့တွင် ဒိုင်နာယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်ကာ ယာဉ်မောင်းဖြစ်သူ၏ ဦးခေါင်းကို ပိကာနေရာတွင်သေဆုံးမှုတစ်ခု ဖြစ်ခဲ့သည်။
 
နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၈ နာရီအချိန်ခန့်က မရမ်းကုန်းဘက်မှ လှည်းတန်းဘက်သို့ မောင်းနှင်လာသော ဒိုင်နာယာဉ်သည် အရှိန်လွန်ကာ လမ်းလယ်တုံးများကို ဝင်တိုက်မိပြီး တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။ ယာဉ်ပေါ်တွင် ပါလာသော အမျိုးသားနှစ်ဦးအနက် ယာဉ်မောင်းဖြစ်သူ မြောက်ဥက္ကလာပမြို့နယ်နေ သန်းစိုး(ခ)ဘောကြီး အသက် (၄၃)နှစ်သည် ဦးခေါင်းပိမိသည့် ဒဏ်ရာနှင့် ဦးခေါင်းခွံပွင့်ထွက်ကာ နေရာတွင် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ 
 
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် တန်ဖိုးငွေ ၁၀ သိန်းကျပ်ခန့် ဆုံးရှုံးခဲ့ရပြီး ယာဉ်မောင်းဖြစ်သူအား လှိုင်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၃၃၈/၂၇၉ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရှိရသည်။ 
 
Credit:7Day


Follow us on