1. Home
  2. Myanmar News

မိုက်ကရိုဆော့ဖ်က မြန်မာနိုင်ငံတွင် Cloud ဝန်ဆောင်မှုပေးရန် ညှိုနှိုင်းနေ

Myanmar News พ.ย. 17, 2559 view 1,474
ကမ္ဘာ့နာမည်ကြီးနည်း ပညာကုမ္ပဏီဖြစ်သည့် Microsoft သည် မြန်မာနိုင်ငံအတွက် Cloud ဝန်ဆောင်မှုပေးအပ်ရန် အစိုးရနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု Local Service Provider (LSP) ကုမ္ပဏီတစ်ခု ဖြစ်သည့် MIT မှ ဒေါက်တာ ဦးထွန်းသူရသက်က ပြောသည်။
 
Microsoft အနေဖြင့် မြန်မာနိုင်ငံ၌ Windows Server နှင့်ပတ်သက်၍ တရားဝင် ဝန်ဆောင်မှု ပေးအပ်နေပြီး နောက်ဆုံးအနေ ဖြင့် Cloud ဝန်ဆောင်မှု ပေးအပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ 
Microsoft Cloud ကို စင်ကာပူကနေ တစ်ဆင့်သုံးရင်တော့ရတယ်။ ဒီမှာတော့ တရားဝင်မပေးဘူး။ ပေး ဖို့စဉ်းစားနေတယ်” ဟု ဦးထွန်းသူ ရသက်က ပြောသည်။ 
မြန်မာနိုင်ငံ၌ Cloud ဝန် ဆောင်မှုပေးအပ်ရန် Microsoft က အခွန်အခပေးဆောင်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးနေခြင်းဖြစ်သည်။ 
 
"ပြည်တွင်းမှာ Google လိုမျိုး Cloud တွေလည်း သုံးနေကြတာပဲ။ အခွန်အခ မပေးကြတော့ အကျိုးမရှိဘူး” ဟု ဦးထွန်းသူရသက်က ပြောသည်။ 
Cloud ဝန်ဆောင်မှုကို Microsoft အနေဖြင့် မြန်မာနိုင်ငံ ၌ စတင်နိုင်ရန် အခွန်ကိစ္စရပ်များ ဆွေးနွေးနေ၍ အချိန်တစ်လခန့် ကြာမြင့်နိုင်ကြောင်း၊ MIT ကုမ္ပဏီ သတင်းရရှိသည်။ 
 
Microsoft သည် လက်ရှိတွင် မြန်မာနိုင်ငံ၌ တရားဝင်ရုံးခွဲ လာရောက်ဖွင့်လှစ်ထားပြီး Country Manager ကိုလည်း ခန့်အပ်ထားပြီးဖြစ် သည်။ မြန်မာနိုင်ငံ၌ ပြည်တွင်း ဘဏ်လုပ်ငန်းအချို့ကို Microsoft က နည်းပညာနှင့်ပတ်သက် ၍ ဝန်ဆောင်မှုပေးအပ်ထားပြီး မကြာမီ SQL Server 2016 ကိုလည်း ပြည်တွင်း၌ မိတ်ဆက်ပေး ခဲ့သည်။ ဝန်ဆောင်မှု ရောင်းချရန် အတွက်လည်း Microsoft သည် ပြည်တွင်းကုမ္ပဏီ ၄ဝ ခန့် နှင့်လက်တွဲထားပြီးဖြစ်သည်။
 
Credit:7Day
 


Follow us on